Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်လူထုအနေဖြင့် စစ်ရှောင်များအားကူညီကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ရန်ကုန်မြို့ရှိပြည်သူများအနေဖြင့် စစ်ဖြစ်နေသည့် ဒေသများမှ တိမ်းရှောင်လာရသူများကို ‘ငါတို့မှာ ငါတို့ပဲရှိတယ်’စိတ်ဓာတ်ဖြင့် ပြည်သူအချင်းချင်းဖေးမကူညီရန် ရန်ကုန် အခြေစိုက် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။

သတိုး/People’s Spring

ရန်ကုန်မြို့ရှိပြည်သူများအနေဖြင့် စစ်ဖြစ်နေသည့် ဒေသများမှ တိမ်းရှောင်လာရသူများကို ‘ငါတို့မှာ ငါတို့ပဲရှိတယ်’စိတ်ဓာတ်ဖြင့် ပြည်သူအချင်းချင်းဖေးမကူညီရန် ရန်ကုန် အခြေစိုက် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။

“ရန်ကုန်ပြည်သူလူထုအနေနဲ့လည်း ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ညီနောင်သားချင်း စစ်ဘေးရှောင်ပြည်သူများကို အကောင်းဆုံး ဝိုင်း၀န်းကူညီဖေးမစောင့်ရှောက်ကြဖို့ နှိုးဆော်ချင်ပါတယ်”ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်မှုကြုံရချိန်တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ဗုံးကြဲခြင်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် ယင်းဒေသများ၌ နေထိုင်သူများသည် တော်လှန်စစ်ပွဲအရှိန်မပြင်းထန်သေးသည့် ရန်ကုန်နှင့် မန္တလေးစသည့်မြို့များသို့ ပြောင်းရွှေ့နေထိုင်မှုများရှိသည်။

Public Service Announcement

Public Service Announcement

ထို့သို့ ပြောင်းရွှေ့လာသူများကို နွေးထွေးစွာဆက်ဆံ၍ အိမ် ၊ အဆောင် ငှားရမ်းခများကိုလည်း ဈေးလျော့ပေးခြင်း ၊ အဆမတန်ဈေးဖြင့် ငှားရမ်းခြင်းကို ကန့်ကွက်ခြင်း ၊ မိမိတတ်နိုင်သည့်အင်အားဖြင့် နေထိုင်စားသောက်ရန်ကူညီပေးခြင်း ၊စစ်ဘေးရှောင်များ၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်အောင် ပြုလုပ်မှုများကိုရှောင်ကြဉ်ခြင်း၊ ပြုလုပ်သူများကို ကန့်ကွက်ခြင်း နှင့်စစ်ဘေးရှောင်များအပေါ် ရပ်ကွက် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များမှ ဖိနှိပ်မှုများကိုဖော်ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရန် ရန်ကုန်အခြေစိုက်တော်လှန်ရေးအင်အားစုများကတိုက်တွန်းထားသည်။

ရန်ကုန်မြို့နေပြည်သူအချို့ကလည်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ဘေးရှောင်ပြည်သူများအတွက် နေထိုင်ရေးအတွက် အကူအညီလိုပါက ဆက်သွယ်နိုင်ကြောင်း လူမှုကွန်ရက်၌ ရေးသားထားသည့် ပို့စ်များကိုတွေ့ရသည်။

ထို့ပြင် အချို့ကလည်း စစ်ဘေးရှောင်များအတွက် အလုပ်ပေးသည့် အနေဖြင့် ၎င်းတို့လုပ်ငန်းများ၌ စစ်ဘေးရှောင်လာသူများကို ခန့်ပေးမည်ဟု ရေးသားမှုများရှိသည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် လက်လွှတ်ထားရသည့် မြို့နယ် ၇၀ကျော်ရှိပြီး အချို့မြို့နယ်များကို စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook