Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်တွင် တိုက်ပွဲနှစ် ကြိမ် ဖြစ်ပွားရာ စစ်ကောင်စီတပ် ထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုခိုအောင်းခဲ့သည့်နေရာအား ဝင်ရောက်ရှင်းလင်းစဥ်

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်တွင် တိုက်ပွဲနှစ် ကြိမ် ဖြစ်ပွားရာ စစ်ကောင်စီတပ် ထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၃ ရက် နံနက် ၁၁နာရီဝန်းကျင်က ရွှေဘိုမြို့အဝင် မုခ်ပေါက်မှ ရွှေဘို-မန္တလေးကားလမ်းပိုင်း အောင်ချမ်းသာကျေးရွာသို့ အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား ရွှေဘိုမြို့နယ်တိုက်နယ် (၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် တိုက်နယ်(၅) နယ်မြေခံပကဖများက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းနှင့် မီတာ ၁၀၀ဝန်းကျင်အကွာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်ကြာမြင့်ကာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကာကွယ်ရေးရဲဘော်အချို့က ဆိုသည်။

“တိုက်ပွဲက ရွှေဘို-မန္တလေး လမ်းမကြီးပေါ်မှာပဲ ဖြစ်တာပါ။”ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်မှာ အောင်ချမ်းသာရွာသစ် အရှေ့ဘက် ဆန်စက်ဟောင်းအတွင်း ခိုအောင်းနေခဲ့သည်။

ထိုနောက် ညနေ ၃ နာရီခွဲခန့်တွင် မီတာ ၅၀ခန့်အကွာမှ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးထက်မနည်း သေဆုံးပြီး ပူးပေါင်းတပ်များမှ ကာကွယ်ရေးရဲဘော် ၂ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုပကဖတာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲကြောင့် ရွှေဘို-မန္တလေးလမ်းပိုင်း ယာယီပိတ်ထားရပြီး ယနေ့ပြန်ဖွင့်ပေးထားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း