Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့တွင်းရှိ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာ၍ KIAပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

မြို့ပေါ်တိုက်ပွဲအတွက် ပြည်သူများပြင်ဆင်ထားရန် ကချင်စစ်ရေးရင်းမြစ်ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့တွင် ဖော်ပြသည်။

KIA တပ်မဟာ(၉) ပူးပေါင်းတပ်များသည် ဩဂုတ် ၁၄ရက် နံနက်အစောတွင် စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ခမရ(၁၂)တပ်စွဲထားသည့် ဖားကန့်မြို့ရှိ လမောင်ကုန်းနှင့် တောမော် စစ်ကောင်စီတပ်စခန်း ၂ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ မြို့တွင်း၌ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခဲ့သည်ဟု ဆိုသည်။

ဩဂုတ် ၁၄ရက် ညပိုင်းက ဆိုင်းတောင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပြီး ထိခိုက်ကျဆုံး အခြေအနေ ဖော်ပြထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်များက ပြည်သူလူထုကို အတင်းအကြပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့၍ သတိဖြင့်သွားလာကြရန် KIAက သတိပေးထားသည်။

KIA ပူးပေါင်းတပ်သည် လမောင်ကုန်းတပ်စခန်းကို ဩဂုတ် ၁၅ရက် နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ညနေပိုင်း၌ တောမော်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းများသည် ပြီးခဲ့သည့် လများအတွင်းက KIA တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တာမခန်၊ ဝှေခါ၊ ကသိုဏ်းတောင် တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ စုပေါင်းတပ်စွဲထားသည့် စခန်းများ ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၁ဦးထက်မနည်းကို အရှင်ဖမ်းမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခုသိမ်းပိုက်ခဲ့သည့် တပ်စခန်း ၂ခုသည် ဖားကန့်မြို့ စစ်ကောင်စီဗျူဟာ၏ လုံခြုံရေးအတွက် အရေးပါသည့် တပ်စခန်းများဖြစ်ကြောင်း၊ စခန်းအချို့လည်း တိုက်ခိုက်ရန် ကျန်နေသေးကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဖားကန့်ဘက်က စစ်ရေးအခြေအနေကတော့ လမောင်ကုန်းတပ်စခန်းနဲ့ တောမော်တပ်စခန်းကို မနေ့က အားလုံးအပြီးအစီး သိမ်းပိုက်လို့ရပါပြီ။ တိုက်ပွဲက ဆက်ဖြစ်မလား မဖြစ်ဘူးလားဆိုတာကတော့ ပြောလို့တော့ မရဘူးပေါ့။လမောင်ကုန်းနဲ့ တောမော်စခန်းကတော့ ဖားကန့်ဗျူဟာကုန်းနဲ့ ဖားကန့်မြို့တို့ရဲ့ လုံခြုံရေးယူထားတဲ့ အရေးကြီးတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။ အဲဒီ တပ်စခန်းမှာလည်း သူတို့ စစ်အင်အားက ၇၀ဝန်းကျင်လောက်ရှိတယ်လို့ ရှေ့တန်းသမားတွေက ပြောပါတယ်။စစ်သုံ့ပမ်းတွေရတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အရေအတွက်တွေတော့ မသိရဘူး။ သူတို့ ဘာမှ ပြောတာမရှိဘူး။ တခြား လက်နက်ခဲယမ်းတွေ ရတယ်မရဘူးဆိုတာကတော့ ကျနော်တို့ဘာမှ မကြားသိရဘူး”ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နံနက်တွင် ပြောသည်။

ကချင်သတင်းရင်းမြစ်ကလည်း မြို့ပေါ်၌ တိုက်ပွဲမဖြစ်လာနိုင်ဟု ယူဆမထားဘဲ သတင်းများနားစွန့် ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်းထားသည်။

အလားတူ စစ်ကောင်စီ ဝါဒဖြန့်သူအချို့ကလည်း ဖားကန့်ရှိစစ်စခန်း ၂ခု KIAလက်အောက်ကျရောက်သွားကြောင်း လူမှုကွန်ရက်၌ရေးသားထားပြီး အရာရှိ စစ်သည် ၁၂ဦး စစ်သုံ့ပမ်းဖြစ်ခဲ့ရကြောင်း အသိပေးထားသည်။ထို့ပြင် ဖားကန့်မြို့ကို KIAက ဦးတည်နေပြီဖြစ်၍ ဖားကန့်မြို့သည် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကဲ့သို့ အသိမ်းခံရနိုင်ဟုလည်း မှတ်ချက်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်းလေကြောင်းလုံခြုံရေးယူဆန်တက်နေသည့် စစ်ကောင်စီတပ်သင်္ဘော ငါးစင်းအား ရွှေကူမြို့နယ်အတွင်း KIA နှင့် PDF တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ယခုရက်ပိုင်းတိုက်ခိုက်မှုတွင် ၅၀ ဦးထက်မနည်းသေဆုံးသွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ်(၂၈)ရဲတပ်ရင်းအနီးတွင် အက်ဆစ်နှင့် ကြေးနီတင်ယာဥ်တန်းလုံခြုံရေးအတွက် ကင်းထွက်လာသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

မေးမြန်းခန်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း နှင့်မေးမြန်းခန်း

သတင်း

လက်နက်ကြီး နှင့် လေကြောင်းပစ်ခတ်မီးရှို့ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တအိမ်တက်ဆင်းမီးရှိုခြင်းတို့ ပြုလုပ်ဟု သတင်းရင်းမြစ်အချို့ပြော