Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ လစာရှင်းမပေးတဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာ အလုပ်သမား ၇၀၀ခန့် ဆန္ဒပြ

ထိုင်းနိုင်ငံမှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာအလုပ်သမား ရာနဲ့ချီ စုဝေးပြီး ​သောကြာ်​နေ့ညမှာ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာအလုပ်သမား ရာနဲ့ချီ စုဝေးပြီး ​သောကြာ်​နေ့ညမှာ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

ဩဂုတ် ၁၆ ရက်နေ့ ညပိုင်းက ပရာချင်ဘူရီ ဒေသမှာရှိတဲ့ ဆီမာဟာဖော့ ခရိုင်ထဲက ရိုဂျာနာ စက်မှုဇုန်ထဲမှာ မြန်မာအလုပ်သမား ၇၀၀ လောက် စုဝေး ဆန္ဒပြခဲ့တာလို့ ထိုင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။

မြန်မာ အလုပ်သမားတွေက ထိုင်းရင်းနှီးမြှုပ်နှံသူတွေဟာ လုပ်ခလစာတွေ ရှင်းမပေးတာ နှစ်လလောက် ရှိခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ တရုတ် လုပ်ငန်းရှင်တွေ ရှင်းပေးရမယ့် လုပ်ခလစာ ပမာဏဟာ ဘတ် ၁၀ သန်းဖိုးလောက်ထိရှိတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပျက်ကွက်မှုဟာ အလုပ်သမားတွေအတွက အကြီးအကျယ် အခက်တွေ့စေပြီး တချို့ဆိုရင် စားရေးသောက်ရေး အတွက်ပါ ရုန်းကန်နေရတယ်လို့ သိရပါတယ်။ ကနဦး ညှိနှိုင်းမှုတွေအဖြစ် တရုတ် လုပ်ငန်းရှင်တွေဖက်က ကနဦးအဖြစ် မြန်မာလုပ်သား တစ်ဦးချင်းစီကို ဘတ် ၅၀၀ စီ ငွေရှင်းပေးထားဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြတဲ့ မြန်မာ အလုပ်သမားတွေဟာ စက်မှုဇုန်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာကို ဝန်းရံ ပိတ်ဆို့ပြီး တရုတ် ရင်းနှီးမြှုပ်နှံသူတွေ၊ ကြီးကြပ်ရေး အရာရှိတွေကို ဝင်ထွက်ခွင့် မပေးဘဲ တားမြစ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံသားတွေကိုတော့ ဖြတ်သန်းသွားလာဖို့ ဆန္ဒပြသူတွေက ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

Facebook