Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် PDFများ စစ်တပ်ဂိတ်တစ်ခုကို တိုက်ခို​က်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ရွာစစ်ကောင်စီတပ်ဂိတ်စခန်းအား သွားရောက်တိုက်ခို​က်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး G3 သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရမိသော G3 တစ်လက်နှင့် တိုက်ပွဲဝင်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-young Force

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ရွာစစ်ကောင်စီတပ်ဂိတ်စခန်းအား သွားရောက်တိုက်ခို​က်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး G3 သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၁၈ ရက် နံနက် ၅ နာရီခန့်က ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ရွာ စစ်ကောင်စီတပ်နှင့်ပျူစောထီးဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ထိုဂိတ်ရှိ စစ်အုပ်စုဝင် ၆ ဦးထက်မနည်း သေဆုံးကာ G3အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“သူတို့ရဲ့လမ်းဘေးဘန်ကာနားအထိကပ်တယ်။ ပစ္စည်းအလုံအလောက်မရှိတာနဲ့၊ Error(ချို့ယွင်းမှု)ဖြစ်သွားတာနဲ့ ဆက်ပြီးမလုံးနိုင်ဘူး။”ဟု ThuRain-TRအဖွဲ့တာဝန်ခံ ကိုသူရိန်က ပြောသည်။

ထိုဂိတ်သည် ခရီးသွားပြည်သူများအား အတင်းအဓမ္မငွေ​ကြေးကောက်ခံနေသည့်ဂိတ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပျူခေါင်းဆောင်အိမ်ရှိ ရိက္ခာပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကာ စစ်တပ်၏ လက်နက်ကြီးပစ်ကူများကြောင့် ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ရဲဘော်၃ဦးထဲက အကုန်လုံးကခေါင်းတွေထိတာ။ တစ်ယောက်ကတော့နည်းနည်းပါးပါး လက်နက်ကြီးအစဝင်သွားတာဆိုတော့ ပုံမှန်လူတော့ပုံမှန်လူပဲ။ ဖြစ်ခါစဆိုတော့ နည်းနည်းပါးပါး ကြောင်တောင်တောင်လေးဖြစ်နေတဲ့သဘောပေါ့ဗျာ။ဆေးကုသမှုတော့ခံယူနေတယ်။ မသက်သာရင်တော့ တနေရာသွားကုရမှာပေါ့။ “ဟု ကိုသူရိန်က ရှင်းပြသည်။

ထိုစစ်ဆင်ရေးကို တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ ပေါက်မြို့နယ် -YGF တပ်ဖွဲ့ ၊ယင်းမာပင်ခရိုင် ဗျူဟာ (၄၇)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၀) ၊ဗိုလ်မီးတောက် ၊ Air Frighter(မြိုင်) ၊ KG ၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂) မှ ThuRain-TR နှင့် Young Force UG တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ သြဂုတ် ၁၇ ရက်ကလည်း ပခုက္ကူမြို့အထွက် စစ်ကောင်စီဂိတ်အား PDF များ ဝင်ရောက်တိုက်ခိုက်ရာ သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်အုပ်စု၏ ကားနှစ်စီးခန့် ပျက်စီးကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။