Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ကျဉ်းများအပါအဝင် အချုပ်သား၂၀ကျော် ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အချုပ်သား ၂၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့သည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အချုပ်သား ၂၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ - ထောင်ဝင်စာပို့ကြမယ်

သားကြီး/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အချုပ်သား ၂၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားတွေပါ ကယ်ထုတ်နိုင်တာမှန်ပါတယ်။ ကျန်အကျဉ်းသားတွေလည်း ပါတယ်။ ဒီလောက်ပဲ ပြောနိုင်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

96 Soldiers – PDF (အညာဒေသ)စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက” ကျနော်တို့ ဝင်လုံးတဲ့ အချိန်မှာ အသံတွေကြားရတယ်။ နိုင်ကျဥ်းတွေဆိုရင်အသံပေးဆိုပြီး အော်ပြီးတော့။ ကျနော်တို့လည်း ဝင်လုံးတဲ့အခါမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့ရတယ်။ အားလုံး ၂၀ကျော်မယ်။ မြင်ခဲ့ရတာတော့ အများစုက လူငယ်တွေပဲ။ အားလုံးနိုင်ကျဥ်းလားဆိုတာ စီစစ်တဲ့အဖွဲ့ပဲ သိမှာ။ ကျနော်တို့က တိုက်ခိုက်ရေးပဲဆိုတော့ ဆွဲခေါ်ထုတ်ပြီး စီစစ်တဲ့အဖွဲ့ပို့ပေးခဲ့တာ”ဟု ပြောသည်။

ဒီပဲယင်းမြို့ရှိ စစ်ကောင်စီစခန်းများကို ရွှေဘိုခရိုင် အမှတ်(၁)ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်‌ရေးပူးပေါင်းတပ်များက ဩဂုတ် ၁၅ရက်တွင် စတင်တိုက်ခိုက်ပြီး ဩဂုတ် ၁၈ရက်နံနက်တွင် သိမ်းယူခဲ့သည်။ တိုက်ပွဲအတွင်း Non-CDM ဝန်ထမ်း ၄၀ကျော်နှင့် ပျူစောထီးအချို့အပါအဝင် စုစုပေါင်း ၁၂၀ကျော် အရှင်ဖမ်းမိထားသည်။ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့ကို ဩဂုတ် ၁၈ရက်တွင် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာပေးထားသည်။ လေကြောင်းမှ ပို့‌ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် ဒီပဲယင်းမြို့ ကုန်းသာဦး ၊ မြသိန်းတန်နှင့်ပုဗ္ပာရုံ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သတင်းရရှိသည်။

“မြို့ထဲမှာတော့ စကစတွေက နေရာယူထားတယ်။ ကျနော်တို့က ဆုတ်ခွာပေးထားတယ်။ သူတို့ဘာလုပ်မလဲ ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်”ဟု ရဲဘော်မန်းလေးက ပြောသည်။

” Non CDM ဝန်ထမ်းများကိုလည်း အကုန်နီးပါး ထိန်းသိမ်းနိုင်ခဲ့တာကြောင့် မြို့ရဲ့အုပ်ချုပ်ရေးကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။မြို့တွေကို သိမ်းပြီးရင် ဘယ်လိုထိန်းမလဲဆိုတဲ့ အတွေ့အကြုံများ ၊ မြေပြင်အင်အားစုများ ပူးတွဲစစ်ဆင်တဲ့ စစ်ရေးအတွေးအခေါ်များ အားကောင်းလာစေပါတယ်”ဟု ဒီပဲယင်းတိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ရေးသားထားသည်။

တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေသည့် မြို့နယ်အချို့တွင် ရဲစခန်းအချုပ်နှင့် အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသူများ ကယ်ထုတ်နိုင်သည့်ဖြစ်စဉ်များရှိနေသည်။

ချင်းပြည်နယ် ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၀ ရက်တွင် စီးနင်းတိုက်ခိုက်ပြီး ကယ်ထုတ်ခဲ့သည့်အကျဉ်းသား ၆၂ဦးအနက် ‌ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံထားရသူ ခုနစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၉ဦး ပါဝင်ခဲ့သည်။ မတူပီမြို့တွင် ပြီးခဲ့သည့်ဇွန်လက ချင်းကာကွယ်ရေးရဲဘော်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် စခန်းစွန့်ခွာထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည့် နိုင်ငံရေးအကျဥ်းသား၁၃ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းက မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့်စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင်လည်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် စစ်ကောင်စီဖမ်းဆီးထားသည့် အကျဉ်းသားများကို ကယ်ထုတ်နိုင်ခဲ့သည်။

ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်များကတိုက်ခိုက်ခဲ့သည့် လားရှိုးမြို့သိမ်းတိုက်ပွဲတွင်လည်း လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျေ်ကို ကယ်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် တ‌အာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သီပေါမြို့ကို ဩဂုတ် ၁၀ရက်ကတိုက်ခိုက်စဉ် သီပေါအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသား ၁၀၀ကျော် ကယ်ထုတ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။