Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တိုက်ပွဲ နယ်မြေရှင်းလင်းရာ စစ်ကောင်စီဗိုလ်မှူးအပါအဝင် ရုပ်အလောင်း ၅လောင်းနှင့် ခဲယမ်းများထပ်တွေ့

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့က တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် ရုပ်အလောင်း ၅လောင်းနှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိကြောင်း Earthquak People’s Pefence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ကိုင်းတောမရွာသစ်ကျေးရွာမှ စစ်ကောင်စီစစ်ကြောင်းမှ သိမ်းဆည်းရမိခဲ့သော ခဲယမ်းနှင့်စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Earthquak PDF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့က တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် ရုပ်အလောင်း ၅လောင်းနှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိကြောင်း Earthquak People’s Pefence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၂၁ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်မှလာသော စစ်ကောင်စီစစ်ကြောင်းသည် ဒေသတွင်း PDFများ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။ ယနေ့ (သြဂုတ်၂၃ရက်) နံနက်၄နာရီခွဲခန့်တွင် အဆိုပါ စစ်ကြောင်းသည် သရက်ကန်ပျူစောထီးကျေးရွာသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် နယ်မြေရှင်းလင်းရာ စစ်ကောင်စီစစ်ကြောင်းမှ ဗိုလ်မှူးမင်းသိန်းကျော်၊ တပ်ကြပ်ကြီးခင်မောင်လွင်နှင့် တပ်သားသုံးဦး၏ ရုပ်အလောင်းများနှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များစွာထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း Earthquak PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီစစ်ကြောင်းက ပခုက္ကူတပ်မ(၁၀၁)ရယ်၊ ကပစ(၂)ကရယ်လို့ စစ်သုံ့ပန်းတွေကပြောတယ်။ စစ်ကြောင်းထိုးနေထိုင်တဲ့ရွာသစ်ဘုန်းကြီးကျောင်းနားကနေ တွေ့တာပါ။ ရှေ့ရက်တွေကလည်း ဒရုန်းလက်နက်ကြီးပစ်ထားတာတွေတော့ ရှိပါတယ်။ အလက်ငယ်နဲ့လည်း ထိတွေ့မှုတွေနေ့တိုင်းဖြစ်ထားတာပေါ့။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သြဂုတ် ၂၁ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်း ၁၂ လောင်း တွေ့ရှိခဲ့ပြီး ရုပ်အလောင်းများအား PDFများက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။

ကိုင်းတောမရွာသစ်ကျေးရွာမှ စစ်ကောင်စီစစ်ကြောင်းမှ သိမ်းဆည်းရမိခဲ့သော ခဲယမ်းနှင့်စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Earthquak PDF

“ဒီနေ့တွေ့တဲ့ လေးလောင်းကတော့ မြှုပ်ထားတာ။ တစ်လောင်းကတော့ ထန်းပလက်ခြောက်လေး အုပ်ထားတာ။ဟိုတနေ့က ၁၂လောင်းကသက်သက်။ ဒါကထပ်တွေ့တာ။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကါယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ဒုတပ်ကြပ် နှစ်ဦးနှင့် တပ်သား သုံးဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖက အသိပေးသည်။

အဆိုပါ စစ်ကြောင်းသည် ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မ မှစစ်ကြောင်းဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လကလည်းက မြိုင်နယ်သို့ ရောက်ရှိလာကြောင်း၊ ယခုသြဂုတ်အတွင်း ကိုင်းတောမရွာသစ်ကျေးရွာသို့ ရောက်ရှိ အခြေချကာ အနီးနားပတ်ဝန်းကျင်ကျေးရွာများအား ခိုးဆိုးလုယက်၊မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းဖြစ်ကြောင်း မြိုင်ပကဖ၏ တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ကျန်ရှိနေသည့် သရက်ကန်ပျူစောထီးကျေးရွာ၊တွင်းမကျေးရွာနှင့် ပခုက္ကူမြို့နယ်ရှိစစ်ကောင်စီအထိုင်ချနေရာများနှင့် စစ်ကောင်စီတပ်သားများအားလုံး အလင်းဝင်ကြရန်နှင့်မပူးပေါင်းပါက ဆက်လတ်ထိုးစစ်ဆင်​မည်ဟု ​ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

သြဂုတ် ၇ ရက်နှင့် ၈ ရက်ကလည်း မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမရဲစခန်းနှင့် ဝက်ပုတ်ပျူစောထီးစခန်းများအား PDFများက သိမ်းပိုက်နိုင်ခဲ့သည်။

သေဆုံးအမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်စစ်ကြောင်းမှ တပ်သားများ၏ ရုပ်အလောင်းများအား https://t.me/PeopleSpring တွင် သွားရောက်ကြည့်ရှု့နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။