Connect with us

Hi, what are you looking for?

သတင်း

ရှိမ်းမကားတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားနယ်မြေရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားနယ်မြေရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၅ရက်)နံနက် ၇နာရီခန့်က ရှိမ်းမကားကျေးရွာတောင်ပိုင်း၌ ဒေသတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်များက ကင်းတိုးရင်း စစ်ကောင်စီတပ်နှင့်ထိပ်တိုက်တိုး၍ နှစ်ဘက်အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရှိမ်းမကားတိုက်နယ်မှ ရဲဘော်များက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။

“သူတို့ဘက်က တစ်ကောင်ကျတယ်။ မိန်းကလေး။ စစ်သားလားရဲလား မသိရသေးဘူး။ ရွာသာယာပျူရွာမှာ ဒရုန်းကိုင်တဲ့ကောင်မတွေရှိတယ်။ အဲအထဲကဖြစ်နိုင်တယ်။”ဟု ရှိမ်းမကားတိုက်နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က ရှိမ်းမကားရဲစခန်းဘက်သို့ ပြန်​ဆုတ်သွားခဲ့သည်ဟု ဆိုသည်။

“ဒီဘက်ကပစ်တော့ သူတို့လူတစ်ယောက်ကျတော့ တခါတည်း ပြန်ဆုတ်ပြီးတော့ စခန်းရှိတဲ့နေရာတွေမှာ ကတုတ်ကျင်းရှိတဲ့ဘက်ကို ပြေးသွားတာ။ သူတို့ပြန်ပစ်တော့လည်း ခွေးပုန်းပတ်ချာလည်လောက်ပဲ အသံထွက်တော့တာ။ ဒီဘက်မှာမရှိတော့ဘူး။”ဟု ရှိမ်းမကားတိုက်နယ်ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က နံနက် ၉ နာရီကျော်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ပြုလုပ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့၏တာဝန်ရှိသူက ပြောသည်။

“ရှိမ်းမကားကျေးရွာရဲ့ အနောက်တောင်ဘက်နဲ့ တောင်ဘက်ကိုပစ်သွားတာ။ ဒါပေမဲ့ အထိအခိုက်မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် မတ္တရာမြို့နယ်ဘက်မှလည်း ဟောင် ဝစ်ဇာလက်နက်ကြီး ၄လုံးဖြင့် ပစ်ကူပေးခဲ့သော်လည်း အထိအခိုက်မရှိဟု ဆိုသည်။

ရှိမ်းမကားနယ်မြေရဲစခန်း၌ စစ်ကောင်စီတပ်အင်အား ၅၀ မှ ၆၀ကြား ရှိနိုင်ပြီး ကာကွယ်ရေးအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်မှုကြောင့် စခန်းတွင်းမှလွဲ၍ ပြင်ပသို့ထွက်နိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းက စဥ့်ကူးမြို့နယ်၊ ရွာသာယာရွာပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့်ပျူများ ထွက်ပြေးပြီး ရှိမ်းမကားစခန်း၌ ပူးပေါင်းထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook