Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် တိုက်ပွဲပြင်းထန်​နေ ၊ ချောင်းဦး-ပခုက္ကူလမ်းပိုင်း ယာယီပိတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၍ ချောင်းဦး-ပခုက္ကူလမ်းပိုင်း ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

အညာ​ဒေသမှ PDF များ။ဓါတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၍ ချောင်းဦး-ပခုက္ကူလမ်းပိုင်း ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ် ၂၉ရက်) ည ၇ နာရီ မိနစ် ၅၀ မှစ၍ ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အသုံးပြုခွင့် ယာယီပိတ်သိမ်းထားကြောင်း ချောင်းဦးပကဖအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲပြင်းထန်နေလို့ ယာယီပိတ်တာပါ။”ဟု ၎င်းတာဝန်ခံက ပြောသည်။

ချောင်းဦး-ပခုက္ကူလမ်းနှင့် မနီးမဝေးရှိစစ်ကောင်စီလက်အောက်ခံ ကံကြီးကုန်းပျူစောထီးရွာကိုသြဂုတ် ၂၇ရက်မှစ၍ ယနေ့အထိ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များက ၃ ရက်ဆက်တိုက် ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟု ကာကွယ်ရေးရဲဘော်များက ပြောသည်။

ပျူရွာအထိနာ၍ စစ်ကောင်စီတပ်သည် သြဂုတ် ၂၈ ရက် နေ့က ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးချပြီးစက်လက်ဖြင့် ချင်းတွင်းမြစ်ကြောင်းပတ်ချာလည် ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

“ကံကြီးကုန်းတိုက်ပွဲက ကျွန်တော်တို့ဘက်ကအခြေအနေကောင်းပါတယ်။”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ချောင်းဦးပကဖက တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ ကံကြီးကုန်းတိုက်ပွဲဖြစ်စဥ် ဖြေကြားပေးနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်များတွင်လည်း ကံကြီးကုန်းပျူရွာကို စစ်ကူမလာ၍ စစ်တပ်ထောက်ခံသူများက စစ်ကောင်စီအား ပြစ်တင်ဝေဖန်ရေးသားနေကြသည်။

ယ​နေ့ည( သြဂုတ် ၂၉ည) ထပ်မံရရှိ​သောသတင်းများအရ စစ်​ကောင်စီတပ်က ​​ချောင်းဦးမြို့ တစ်ျနရာသို့ ည ၈ နာရီ ၅၂ မိနစ်တွင် ​ပေါင် ၅၀၀ ဗုံးနှစ်လုံးကျဲသွား​ကြောင်း ​ဒေသတွင်းသတင်းများ​ဖော်ပြ​ပေး​နေသည့် Monwa Road Information( MRI)က​ဖော်ပြသည်။

ထို့အပြင် မုံရွာမြို့နှင့် ​ချောင်းဦးမြို့ကြားရှိ စွမ်းရည်ထက် ဆီဆိုင်အနီးရှိ စစ်တပ်က ​​ဟောင်ဝစ်ဇာဖြင့် ည ၉ နာရီခွဲ​ကျော်တွင်အ​နောက်​တောင်ဘက်သို့ဆက်တိုက်ပစ်ခတ်​နေ​ကြောင်း​လည်း MRI ကအသိ​ပေးထားသည်။

ချောင်းဦးမြို့နယ်သည် တော်လှန်ရေးအားကောင်းပြီး အာဏာသိမ်းကာလတလျှောက်စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုများ အများအပြားကြုံတွေ့ခဲ့ရသည့် ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။