Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့နယ်တွင်AA နှင့် စစ်ကောင်စီတပ်တိုက်ပွဲစဖြစ်၊ စစ်ကောင်စီအထိနာ

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)စစ်ကြောင်းအား လာရောက်တိုက်ခိုက်သည့်စစ်ကောင်စီစစ်ကြောင်းမှ ၃၀ဦးထက်မနည်းသေဆုံးသွားပြီး မြို့နယ်အတွင်း၌ စစ်ရေးဆက်လက်တင်းမာနေ​ကြောင်း ဒေသခံများကပြောသည်။

အာရက္ခ(AA) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA

ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)စစ်ကြောင်းအား လာရောက်တိုက်ခိုက်သည့်စစ်ကောင်စီစစ်ကြောင်းမှ ၃၀ဦးထက်မနည်းသေဆုံးသွားပြီး မြို့နယ်အတွင်း၌ စစ်ရေးဆက်လက်တင်းမာနေ​ကြောင်း ဒေသခံများကပြောသည်။

စစ်တွေမြို့နယ် မင်းလှရွာတွင် ဩဂုတ်လ ၂၉ရက်နေ့လယ်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“တပ်တော်ရဲ့ လှုပ်ရှားစစ်ကြောင်းကို စစ်ကောင်စီက စတိုက်တာ။ တပ်တော်က ပြန်တိုက်တော့ တိုက်ပွဲ‌ တော်တော်ပြင်းတယ်။စစ်တပ်၃၀လောက်ကျပြီး ပြန်ဆုတ်သွားပြီး စစ်တွေကနေ လက်နက်ကြီးသုံးပစ်တယ်”ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

တိုက်ပွဲသည် ညနေ၃နာရီခန့်မှစ၍ ည၇နာရီခန့်အထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က စစ်ကူလိုက်လာကာ သေဆုံးသူများနှင့်ဒဏ်ရာရသူများအား သယ်ဆောင်သွားကြောင်း သတင်းရရှိသည်။ထိုနောက်ညပိုင်းတွင် စစ်တွေမြို့ရှိစစ်ကောင်စီတပ်ရင်းမှနေ၍ မင်းလှရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ​ဒေသခံအချို့ကပြောသည်။

ထို့အပြင် ယနေ့(ဩဂုတ်လ ၃၀ရက်)နေ့လယ် ၁၂နာရီခန့်ကလည်း မင်းလှရွာပတ်ဝန်းကျင်သို့ စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မင်းလှရွာသည် စစ်တွေနှင်ပုဏ္ဏားကျွန်းမြို့နယ်ကြား၌ရှိသည်။ စစ်ရေးတင်းမာမှုနှင့်စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကြောင့် မင်းလှအပါအဝင် အနီးပတ်ဝန်းကျင်မှာကျေးရွာသုံးရွာသည် ဘေလွတ်ရာသို့တိမ်းရှောင်နေကြရသည်။

စစ်တွေမြို့သည် AAက မြို့သိမ်းတိုက်ပွဲမဖော်ဆောင်သေးသည့် ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သည်။ ယခုအခါ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။ စစ်ကောင်စီလက်

အောက်ခံတယ်လီဂရမ်ချန်နယ်များ၌ AAသည် စစ်တွေမြို့ကို တိုက်ခိုက်တော့မည်ဟု ၍ ယခုရက်ပိုင်းအတွင်းရေးသားနေကြသည်။ AAသည် လတ်တလော၌ မောင်တောမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး သံတွဲမြို့မှနောက်ဆုံးလက်ကျန် မောင်ရွှေ လေးရေတပ်ဌာနချုပ်ကိုလည်း တိုက်ခိုက်နေသည်။

မောင်တော၊သံတွဲ နှင့် ဂွမြို့နယ် နှင့် ကျိန္တလီ မြို့အနီး တိုက်ပွဲများပြင်းထန်နေကြောင်း AAက သြဂုတ်လ၂၉ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

သတင်း

စီမံကိန်း​ ဒေသအားလုံးနီးပါးAAထိန်းချုပ်ထား​ပေမယ့် အာဏာသိမ်း​ခေါင်း​ဆောင်ကအိန္ဒိယနဲ့ စီမံကိန်းအ​ကြောင်း​ဆွေး​နွေး

သတင်း

စစ်တပ်ကရွာတွေကိုလေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်လို့ပြည်သူအချို့ဒဏ်ရာရ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး (​တောင်မော်ကြီး)ရေတပ်စခန်းအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်တို့ ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး အခုရက်ပိုင်းအတွင်းမှာ စစ်တပ်ရဲ့ရှေ့တန်းကင်းစခန်းအချို့ကို AAကထပ်မံသိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။