Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် ပျူစောထီးရွာလေကြောင်းဖြင့်လာပို့သည့်ရိက္ခာထုပ်များ PDFများရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကွပျူစောထီးကျေးရွာအား လေကြောင်းဖြင့် လာပို့သည့် ရိက္ခာထုပ်များအား PDF ရဲဘော်များက ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သိမ်းဆည်းရမိခဲ့သော ရိက္ခာထုပ်များအား တွေ့ရစဥ်။ဓာတ်ပုံ-GOE

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကွပျူစောထီးကျေးရွာအား လေကြောင်းဖြင့် လာပို့သည့် ရိက္ခာထုပ်များအား PDF ရဲဘော်များက ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၃၁ရက်)နံနက်ပိုင်းက မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာအား Y-12စစ်ထောက်ပို့ယာဥ်ဖြင့် ရိက္ခာအထုပ်ရေ ၅၀ခန့်ချခဲ့ရာ ဆန်၊ပဲဆန်၊ငါး​ခြောက်၊​ဆေးလိပ်နှင့် အသင့်စား ဆန်ပြုတ်ထုပ်များအား နယ်မြေရှင်းလင်းစဉ် သိမ်းဆည်းရမိခဲ့ကြောင်း G.O.E. Revolution Forceအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ချတာတွေကို နယ်မြေရှင်းလင်းရင်း ဦးအောင်ယူလိုက်တာ။ ရွာထဲမကျတဲ့ဟာတွေပေါ့”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက ပြောသည်။

ထိုသို့ နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီကင်းပုန်းများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆိုသည်။

အဆိုပါစစ်ဆင်ရေးအား G.O.E. Revolution Forceနှင့် ဓားမင်းကြီးအဖွဲ့၊ဗိုလ်လင်းမြွေအဖွဲ့၊ဗိုလ်စတီးအဖွဲ့၊မြိုင်ပ.က.ဖတပ်ခွဲ(၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သရက်ကွပျူစောထီးကျေးရွာအပါအဝင် မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝိုင်းပိတ်ဆို့တိုက်ခိုက်နေ၍ ပျူစောထီးရွာများ ရိက္ခာပြတ်တောက်နေကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။

ဩဂုတ် ၈ ရက်ကလည်း မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။