Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းကာလအတွင်း အမျိုးသမီးတစ်ထောင်ကျော် သေဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အမျိုးသမီးဦးရေ တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ပထမဆုံး ဆုံးပါးသွားရတဲ့ မမြသွဲ့သွဲ့ခိုင် (ဓာတ်ပုံ -ရိုက်တာ)

ဆိုင်းမင်း/People’s Spring

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အမျိုးသမီးဦးရေ တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အရေအတွက် အတိအကျအနေနဲ့ အမျိုးသမီး ၁,၁၃၂ ဦး သတ်ဖြတ်ခံရတာဖြစ်ပြီး အမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ AAPP ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးတစ်ထောင်ကျော် အသက်ဆုံးရှုံးရတဲ့အကြောင်းရင်းတွေကတော့ လက်နက်ကြီးထိမှန်သေဆုံးတာ ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတာ ၊ ပစ်ခတ်သတ်ဖြတ်ခံရတာ ၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတာ ၊ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာ နဲ့အခြားသော နည်းလမ်းတွေကြောင့် လို့ AAPP ကဆိုထားပါတယ်။

အဲဒီ အချက်တွေထဲမှာ လက်နက်ကြီး ထိမှန်တာ ၊လေကြောင်းတိုက်ခိုက်မှုကြောင့်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေကြောင့် သေဆုံးသူဦးရေဟာအများဆုံး ဖြစ်တယ်လို့ AAPP ရဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင် ၊ ရဲဘက်စခန်းနဲ့ စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်ခံရတဲ့အမျိုးသမီးဦးရေဟာလည်း ၁၄ ဦီးထိရှိတယ်လို့သိရပါတယ်။

အမျိုးသမီးတွေ အများဆုံးအသက်ဆုံးရှုံးရတဲ့ဒေသတွေမှာတော့ စစ်ကိုင်းတိုင်းက အများဆုံး ဖြစ်ပါတယ်။

အဲဒီနောက်မှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်တို့ကလည်း အမျိုးသမီးတွေ စစ်တပ်လက်ချက်နဲ့အသက်ဆုံးရှုံးမှုများပြားတဲ့ဒေသတွေ အဖြစ် AAPP ရဲ့စာရင်းအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလမှာ လူပေါင်း ၂၇,၀၀၀ ကျော် ဖမ်းခံရပြီးအမျိုးသမီးဦးရေဟာ ၅,၆၀၀ ကျော်ပါဝင်ပါတယ်။ အာဏာသိမ်းကာလအတွင်း လူ ၅,၅၀၀ ကျော် သေဆုံးရာမှာ အမျိုးသမီးဦးရေ ၁,၀၀၀ ကျော်ထိပါဝင်နေတာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

Facebook