Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်းတလျှောက်ကရွာတွေကို စစ်ကြောင်းထိုးနေ

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ရှော့တိုက်ဒုံးနဲ့ ဒီမနက်ပိုင်းက ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး နောက် မန္တလေးမြို့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်း တလျောက်က ရွာတွေကို စစ်ကောင်စီ တပ်က ဒီနေ့ နေ့ခင်းပိုင်းကစပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ရှော့တိုက်ဒုံးနဲ့ ဒီမနက်ပိုင်းက ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး နောက် မန္တလေးမြို့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကြောင်း တလျောက်က ရွာတွေကို စစ်ကောင်စီ တပ်က ဒီနေ့ နေ့ခင်းပိုင်းကစပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ မန္တလေးတိုင်းထဲက အာလောင် ၊ နန်းတော်ကျွန်း ၊ ဉဒေါင်း ၊ သပြေသာ ၊ ပုဂံတပ် ရွာတွေ ကို ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာလို့်သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် အချို့မှာတော့ ဒီမနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို အဲဒီရွာတွေဘက်ကနေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာလို့ စွပ်စွဲဖော်ပြတာရှိနေပါတယ်။

ဒီနေ့ နေ့ခင်းပိုင်း ၂ နာရီ ခန့်က စစ်ကား ၁၅ စီးနဲ့ မြစ်ကြောင်းတလျှောက်က ရွာတွေကိုရွာစဉ်အလိုက် စစ်ကြောင်းထိုးတာလို့ သိရပါတယ်။

အခုလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ ရွာတွေဟာ မန္တလေးမြို့ပေါ်ကနေဆိုရင် ၅ မိုင်ခန့်သာဝေးပါတယ်။

ဒီမနက်ပိုင်းက စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းရဲ့ မြောက်ဘက်ခြမ်းက လူနေရပ်ကွက်တွေထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာရှိခဲ့ပါတယ်။

ဒီမနက်တိုက်ခိုက်မှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ Brave Warriors for Myanmar-BWM မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တာဖြစ်ပြီး နန်းတွင်းထဲကို ကျရောက်ပေါက်ကွဲ လို့ စစ်ကောင်စီ အရာရှိပိုင်းအပါအဝင် ၁၈ ဦးဝန်းကျင်ဒဏ်ရာရတယ်လို့ လည်း အဲဒီအဖွဲ့က ဆိုထားပါတယ်။

မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ထိခိုက်မှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရမှု ကို People’s Spring က သီးခြားအတည်မပြုနိုင်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook