Connect with us

Hi, what are you looking for?

သတင်း

PDFများသိမ်းပိုက်ထားသည့် ကျောမြို့ရှိ MOGE ရေနံမြေစခန်း နှစ်ခုအား စစ်ကောင်စီ ပြန်လည် ထိုးစစ်ဆင်

မကွေးတိုင်း၊ ကျောမြို့တွင် PDFများ သိမ်းပိုက် ထိန်ချုပ်ထားသည့် MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း)နှင့် ရေနံကျင်းကင်းစခန်း ပြန်လည်ရယူရေး စစ်ကောင်စီက ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသည်။

Well-1 ထုတ်လုပ်ရေးစခန်း နယ်မြေရဲစခန်းအား PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Earthquake People Defence Force

မိထက်/People’s Spring

မကွေးတိုင်း၊ ကျောမြို့တွင် PDFများ သိမ်းပိုက် ထိန်ချုပ်ထားသည့် MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း)နှင့် ရေနံကျင်းကင်းစခန်း ပြန်လည်ရယူရေး စစ်ကောင်စီက ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)​၏ ရေနံမှော်ကင်းစခန်းနှင့် ရေနံကျင်းကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက ဩဂုတ် ၁၅ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး

Public Service Announcement

Public Service Announcement

စစ်ကောင်စီက စက်တင်ဘာ ၃ရက်မှစတင်ကာ လေကြောင်းမှ တိုက်ခိုက်လာခြင်းဟု ပြည်သူကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

” သိမ်းထားတဲ့စခန်းတွေကို ပြန်ယူချင်ပုံရတယ်။ လေကြောင်းကနေတောက်လျှောက် ကင်းထောက်နေပြီး စက်တင်ဘာလ ၃ရက်မှာ စပစ်တယ်။ ဂျက်ဖိုက်တာသုံးစီးနဲ့ ၁၀ကြိမ်မကဘူးပစ်သွားတာ။ ဒီ‌နေ့ မြေပြင်စစ်ကြောင်း စထိုးတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောမြို့၊ အမှတ်(၂)ရပ်ကွက်မှ အရပ်သားတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည်ဟု သတင်းရရှိသည်။

Well-1 ထုတ်လုပ်ရေးစခန်း နယ်မြေရဲစခန်းအား PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – Earthquake People Defence Force

” ကျနော်တို့လည်း အတတ်နိုင်ဆုံးအသက်လု ပေးထားတယ်။ မြို့ပေါ်ရပ်ကွက်တွေရဲ့အစွန်တွေကို ပတ်ပစ်သွားတာ”ဟု ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်လာနိုင်ခြင်းနှင့် လေကြောင်းအန္တရာယ်ကြောင့် ဒေသခံအများအပြားမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြသည်။

ကျောမြို့မှစစ်ဘေးရှောင်များသည် ဒေသချင်းထိစပ်နေသော စစ်ကိုင်းတိုင်း ပုလဲမြို့ဘက်သို့လည်း စစ်ဘေးတိမ်းရှောင်လာကြကြောင်း ပုလဲမြို့နယ်မှ ယင်းမာပင်ခရိုင် တပ်ရင်း(၁၂) တပ်ရေးတာဝန်ခံက ပြောသည်။

” စစ်ဘေးရှောင်က စုစုပေါင်းတစ်ထောင်လောက်ရှိတယ်။ နေရေးထိုင်ရေးကတော့ တရွာနဲ့တရွာကူညီကြတော့အဆင်ပြေပါတယ်။ စာရေးသောက်ရေးအတွက်တော့အကူအညီတွေလိုအပ်ပါတယ်”ဟု ‌၎င်းက ပြောသည်။

စစ်ဘေးရှောင်များအား ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကူညီထောက်ပံ့မှုများပြုလုပ်နေကြောင်းသတင်းရရှိသည်။

ကျောမြို့တွင် စစ်ကောင်စီသည် ရဲစခန်းနှင့် ပုလဲမြို့နယ်နှင့်ထိစပ်နေသော ကန်းဒေါင့်ရွာအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ(‌‌၂၃)တွင် အခိုင်မာတပ်စွဲထားကြောင်း သတင်းရရှိသည်။

MOGEရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ကပစ(၂၃) မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒုရဲအုပ်ကိုကိုအောင် အပါအဝင် ၁၂ဦးသေဆုံးပြီး ကပစ(၂၃)မှ ဒုအရာဗိုလ် ဝင်းမြင့်ထွန်းအပါ ၁၂ဦး ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသက ဩဂုတ် ၁၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ်တဲ့မြို့ရွာတွေကို ထိုးစစ်ဆင်နေတာ၊ လေကြောင်း စစ်ဆင်ရေးလုပ်ဆောင်နေတာတွေကို ရှမ်းမြောက်အခြေစိုက် ကျန်တိုင်းရင်းသားအဖွဲ့တွေက မျက်ကွယ်ပြုထားပါက နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ရင်ဆိုင်လာရမယ်လို့ ရှမ်းမြောက်အရေးလေ့လာသူတွေက ပြောပါတယ်။

သတင်း

ရှမ်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ထုတ်ပြန်သည်။

သတင်း

ဆွစ်ဇာလန်နိုင်ငံက စစ်အုပ်စုထိန်းချုပ်ထားသည့်မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူလိုက်ကြောင်း လူ့အခွင့်အရေး အဖွဲ့ Justice For Myanmar က အသိပေးသည်။