Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း ယနေ့ည တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့ည ၁၀နာရီခန့်စပြီး တိုက်ပွဲပြင်းထန်နေသည်။

ကော်ဘရာစစ်ကြောင်း(၂) Venomစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column Venom

ကိုပုဂံ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့ည ၁၀နာရီခန့်စပြီး တိုက်ပွဲပြင်းထန်နေသည်။

ယမန်နေ့ညက တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့ညတွင်လည်း ဆက်လက်တိုက်ပွဲပြင်းထန်နေကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒရော့ဗုံးတွေနဲ့ ချနေတာထင်တယ်”ဟု ၎င်းက ပြောသည်။

လက်နက်ကြီးပစ်သံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကပင် ကြားနေရသည်။ ည ၁၁နာရီခွဲအထိ ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ် ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် ၂၉ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။

“၂ရက်ရှိပြီး ညတုန်းက တော်တော်ကြမ်းတယ်။ မနက်စောထိ ချတယ်။ ညတုန်းက အတော်ချတယ်။ စစ်တပ်က အမြောက်နဲ့ပစ်တာ နည်းတယ်။ ဒီဘက်က ပစ်နေတာ။ တက်ပြီးတော့ မလုံးသေးဘူး။ အရင်ဖြိုနေတာပေါ့”ဟု ကရင် စစ်ရေးသတင်းရင်းမြစ်က ယနေ့တွင် ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။

အဆိုပါစွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များက ယခင်က မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်တိုက်ပွဲပိုမိုပြင်းထန်နေပြီး ယနေ့(စက်တင်ဘာလ ၁၈ရက်)နံနက်ပိုင်းတွင် နေအိမ်အချို့မီးလောင်နေကာ ဒေသခံအများအပြားသည် စက်တင်ဘာလ ၁၇ရက်မှစ၍ ဖားကန့်မြို့မှ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

သတင်း

ဆိုင်းတောင်တွင် စစ်ကောင်စီတပ် မီးရှို့၍ အိမ်ခြေ ၂၀၀ကျော် ပျက်စီး၊ လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

TNLA ထိုးစစ်ဆင်နေသည့် သီပေါ ခလရ(၂၃) တပ်ရင်းအား စစ်ကောင်စီ လေကြောင်းပစ်ကူပေး၊ လက်နက် ခဲယမ်းဖြည့်တင်း