Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ် ရုံးပင်ကျေးရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ရုံးပင်ကျေးရွာအား စစ်ကောင်စီအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ရုံးပင်ကျေးရွာအား စစ်ကောင်စီအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၆ရက်) နံနက် ၉နာရီခန့်က တောင်သာမြို့နယ်၊ ဇဂျမ်းနယ်မြေရဲစခန်းမှရဲများ၊ ထနောင်းကုန်းရွာမှပျူစောထီးများ ပါဝင်သောအဖွဲ့သည် ကား ၂စီးဖြင့် ရုံးပင်ကျေးရွာရောက်ရှိပြီး နေအိမ်များ မီးရှို့ဖျက်ဆီးသွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ငါးအိမ်အရှို့ခံရတယ်။ သူတို့တိုက်ခိုက်ရတာ ဘာညာမရှိဘူးဗျ။ သက်သက်ကို မီးဝင်ရှို့သွားတာ။”ဟု တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၅ ရက်က တောင်သာမြို့နယ်၊ ပဒတ်စာကုန်းကျေးရွာရှိ ပျူစောထီးစခန်းအား တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သေးသည်။

“ပဒတ်စာကုန်းကို ဝင်တိုက်လို့ ပဒက်စာကုန်းနဲ့ တခြားရွာကပျူနဲ့ စခအချို့က ရုံးပင်ကိုလာပြန်မီးရှို့တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေးတွင် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုရှိခဲ့သည်။

သြဂုတ် ၁၂ရက်တွင် တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း ၄ခုအား ထပ်မံတိုက်ခိုက်မှုတွင်ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့်စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သြဂုတ်လလယ်အတွင်း နန်းမြင့်တောင်ဂိတ်၊ နတ်စောင့်ရွာဂိတ်များကိုပါ PDFများက ဆက်လက်သိမ်းပိုက်ထားသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် တောင်သာမြို့၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပျက်စီးသွားပြီး စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။