Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာ အမှတ်(၂)အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Black Tiger UG Teamက အသိပေးထားသည်။

သတိုး/People’s Spring

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Black Tiger UG Teamက အသိပေးထားသည်။

ပြည်သူများဒုက္ခပေးနေသည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများစုစည်းနေသည့် အထက်ပါရုံးကို စက်တင်ဘာ ၇ ရက် ည ၇နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုကို Black Tiger UG Team နှင့် ရွှေပြည်သာမြို့နယ်ပကဖ ရဲဘော်များပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း Black Tiger UG Team က ထုတ်ပြန်ထားသည်။

ဆက်လက်၍လည်း စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူကို ဒုက္ခပေးနေသူများကို အရေးယူသွားမည်ဟု ယင်းအဖွဲ့က သတိပေးထားသည်။

“အသံတော်တော်ကျယ်တယ်အိမ်ခေါင်မိုးပေါ်အုံးသီးကျတယ်ထင်တာ”ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၅ ရက် ညကလည်း မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင် ယာဉ်ထိန်းရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA)၏ တာဝန်ခံ Joe ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။