Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၉)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၉)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းသပိတ်အင်အားစုက ၁ဝ၂၇ ဒုတိယလှိုင်းကိုထောက်ခံကြိုဆိုကြောင်းနဲ့ ၁ဝ၂၇ လှိုင်းက ပြည်သူလူထုရဲ့ အနာဂတ်၊ မျှော်လင့်ချက်ဖြစ်ကြောင်း “1027 second wave is our future” စာသားကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်မှာလည်း ဒေသပြည်သူတွေနဲ့ လူထုအောင်လံသပိတ်အဖွဲ့ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးနဲ့တကွ ပြည်သူ့ခုခံတွန်းလှန်စစ်လှိုင်းတွေကို အလေးအနက် ကြိုဆိုပါကြောင်း၊ စစ််ရေးအောင်ပွဲတွေအတွက် ဂုဏ်ပြုကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း မြို့နယ်သပိတ်အင်အားစုရဲဘော်တွေက တော်လှန်ပြည်သူတွေ၊ စစ်ကျွန်မခံလိုသောကျောင်းသား/သူတွေ၊ ဒေသခံအင်အားစုတွေ ပူးပေါင်းကာ တော်လှန်ရုပ်ရှင်ပြသခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော် ကြွေးကြော်တာတွေ ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

စစ်အာရှင်စနစ်နဲ့အတူ အာဏာရှင်ဆန်သမျှ အလုံးစုံချုပ်ငြိမ်းရေးအတွက် လူထုတိုက်ပွဲကို အရှိန်မြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းလှုံ့ဆော်တဲ့အနေနဲ့ “အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” စာသားပါဘန်နာကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီး လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

​ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။