Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းမုဒိမ်းမှု အရေးမယူဘဲ ဖုံးကွယ်ထားတာကို နိုင်ကျဉ်းဟောင်းတွေ ကန့်ကွက်

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း မုဒိမ်းမှုကိုအရေးမယူဘဲ ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတဲ့လုပ်ရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကန့်ကွက်ဆန္ဒပြလိုက်ကြပါတယ်။

ဓာတ်ပုံ - PPNM

ဆိုင်းမင်း/People’s Spring

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း မုဒိမ်းမှုကိုအရေးမယူဘဲ ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတဲ့လုပ်ရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကန့်ကွက်ဆန္ဒပြလိုက်ကြပါတယ်။

အင်းစိန်ထောင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်က ထောင်ဆေးရုံမှာ နိုင်ကျဉ်းလူငယ်တစ်ဦးကို အခြားအမှုနဲ့ထောင်ကျနေတဲ့ အခန်းကြီးကြပ်သူ အကျဉ်းသားက မုဒိမ်းကျင့်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီဖြစ်စဉ်ကို ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတာကြောင့် ဒီလုပ်ရပ်ဟာ ကျုးလွန်သူကိုအကာအကွယ်ပေးနေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထောက်ပြပါတယ်။

ဒါကြောင့် ကျုးလွန်သူကို ရာဇဝတ်ကြောင်းအရရော ၊ အကျဉ်းထောင် ဥပဒေအရ ပါ အရေးယူရမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက မနေ့ စက်တင်ဘာလ ၉ ရက်က လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာကို PPNM က ဖော်ပြလာပါတယ်။

“ထောင်တွင်း မုဒိမ်း ထိရောက်စွာ အရေးယူပေး ၊ထောင်ထဲက သူရဲကောင်းတွေကို ကာကွယ်ကြ ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ လိင်အသုံးချခံတွေမဟုတ်” ဆိုတဲ့ စာသားတွေ နဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

စစ်ကောင်စီဘက်ကတော့ အင်းစိန်ထောင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ရှင်းလင်းတာမျိုး မတွေ့ရပါဘူး။

ဓာတ်ပုံ – PPNM

PPNM ရဲ့ စက်တင်ဘာလ ၅ ရက် က သတင်းထုတ်ပြန်ချက်အရ မုဒိမ်းမှု ကျုးလွန်သူဟာ မုဒိမ်းမှု နဲ့ ထောင် ၁၀ နှစ်ကျနေသူ အကျဉ်းသားအခန်းလူကြီး ဇင်မျိုးကို ဖြစ်တယ်လို့ နာမည်နဲ့တကွ ဖော်ပြထားပါတယ်။

သူဟာ ထောင်အာဏာပိုင်တွေက အကျဉ်းသားအချင်းချင်းအုပ်ချုပ်ဖို့ ခန့်ထားသူဖြစ်ပြီးသူ့ရဲ့အထက်လူကြီး ဟာဆိုရင် အင်းစိန်ထောင်ပိုင် ရဲ့ တပည့်အရင်း ဖြစ်တယ်လို့ PPNM က ဆိုထားပါတယ်။

အကျဉ်းသားအချင်းချင်း အုပ်ချုပ်ဖို့ ရာဇဝတ်မှုနဲ့ နှစ်ရှည်ထောင်ကျ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ခန့်ထားပြီး အဲဒီသူတွေကိုအသုံးပြုကာ နိုင်ကျဉ်းတွေကို ဖိနှိပ်တာ ၊ ငွေညှစ်တာ စတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြတယ်လို့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတွေ ထံကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

နိုင်ငံတကာ

နော်ဝေး အိမ်ရှေ့စံ ကြင်ရာတော်ရဲ့ သားဖြစ်သူဟာ မုဒိမ်းမှု စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။