Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ဒီကနေ့ (စက်တင်ဘာ ၁၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ဒီကနေ့ (စက်တင်ဘာ ၁၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အားမာန်သစ်သပိတ်စစ်ကြောင်းက ၁၀၂၇စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ပြည်သူ့သံအမတ်ဖြစ်တယ်လို့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် ​ကျေးရွာတစ်ရွာမှာလည်း ၁ဝ၂၇ ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်းနဲ့ ၁ဝ၂၇ လှိုင်းကပြည်သူလူထုရဲ့ အနာဂတ်၊ မျှော်လင့်ချက်ဖြစ်ကြောင်း “1027 second wave is our future” စာသားကို ကိုင်ဆောင်ပြီး လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့အတွက် ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၇)မှာ အသီးသီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ဒီကနေ့ (အောက်တိုဘာ ၅)မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

သတင်း

သန်းခေါင်စာရင်းကောက်ယူနေ၍ လုံခြုံရေးတိုးမြှင့်ထားချိန် စစ်ကိုင်းမြို့မစျေးအတွင်း ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

Facebook