Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမြို့နယ်တွင် ရေမျောနွားများအား ပိုင်ရှင် များက ငွေဖြင့်လိုက်ရွေးနေရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ရေမျောနွားများအား ပိုင်ရှင်များက ငွေဖြင့် လိုက်လံရွေးယူနေရကြောင်း သတင်းရရှိသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ရေဘေးရှောင်လာရသောနွားများအား ပိုင်ရှင်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ရေမျောနွားများအား ပိုင်ရှင်များက ငွေဖြင့် လိုက်လံရွေးယူနေရကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေ​သည့် ရေဘေးကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာအများအပြား ရေကြီးရေလျှံကာ ကျွဲ၊ နွား၊ ဝက် အစရှိသည့် အိမ်မွေးတိရိစ္ဆာန်များအား ကြိုးဖြည်ပေး၍ လွှတ်ပေးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ရေကျသွားချိန် ပိုင်ရှင်များက လိုက်လံရှာဖွေခဲ့ရာ ရေကြီးမှုနည်းပါးသည့် ကျေးရွာအချို့မှ ဒေသခံများထံမှ နွားများအား ပြန်တွေ့ခဲ့ကြောင်း၊ သို့သော် ၎င်းဆို့က ပိုင်ရှင်များအား ပြန်မပေးဘဲ ငွေဖြင့်ပြန်ရွေးခိုင်းကြောင်း ​Voice Of Wundwin အဖွဲ့က ပြောသည်။

“နွားတစ်ကောင်ကို နှစ်သိန်းနှင့်ပြန်ရွေးခိုင်းကြောင်းသိရသလို တချို့ဆို နွားလှရင် လှသလို သိန်းနှစ်ဆယ်အထိ တောင်းပါတယ်။ တစ်ဦးတည်းနွားနှစ်ကောင်ဆို သူကတစ်ကောင်တောင်းပါတယ်။”ဟု Voice Of Wundwin အဖွဲ့က ပြောသည်။

ထို့အပြင် ရွာအချို့၌ ရေမျောနွားများအားသတ်ပြီးအသားရောင်းစားနေကြောင်း ဒေသခံအချို့ကလည်း ပြောသည်။

” လူတချို့ဆိုရင် ရေကမ်းဘေးကနေ ဓားတွေကိုင်စောင့်နေတာတဲ့ဗျ။ ပါလာတဲ့ကျွဲ၊နွား၊ဝက် တခါတည်းသတ်ဖြတ် ပြီးရောင်းတာပြောတယ်။ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် ရေမျောပါလာသော ပစ္စည်းများအား ပိုင်ရှင်များထံ ပြန်ပေးကြရန်နှင့်

ထိုကဲ့သို့ တောင်းရမ်းနေသူများအား အမည်၊ရပ်ရွာအတိအကျဖြင့် သတင်းပေးပို့ရန် Voice Of Wundwin အဖွဲ့က မေတ္တာရပ်ခံထားသည်။

စက်တင်ဘာ ၁၁ ရက်ကမှစ၍ နေပြည်တော်အနီး ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ တံတားဦးမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူသိန်းချီရေဘေးသင့်ကာ သေဆုံးမှုများလည်းရှိခဲ့သည်။

ထို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မသင်္ကာဖွယ်ရာဖြစ်ရပ်အဖြစ် သတ်မှတ်ပြီး စစ်ဆေးနေကြောင်း AA ကျန်းမာရေးဌာန ထုတ်ပြန်

ဆောင်းပါး

ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ နေရောင်အောက် ခြောက်သွေ့နေတဲ့ အပင်ရိုးတံခြောက်တွေက မြေပြင်အနှံ့ ဖြန့်ကျက်လို့နေပါတယ်။ ကောင်းကင်ပြာပြာအောက် အဝေးဆီက သစ်ပင်ရိပ်တချို့ကလွဲရင် မြင်မြင်သမျှဟာ ညိုခြောက်နေတယ်။ အဲဒီ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲမှာတော့ ခေါင်းပေါင်းစိမ်းစိမ်းလေး ပေါင်းထားတဲ့ သက်ကြီးရွယ်အို အမေအိုတစ်ဦးဟာခါးကိုင်းကိုင်းနဲ့ အလုပ်ရှုပ်နေရှာပါတယ်။