Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့မဘုန်းကြီးကျောင်း၌ စစ်ကောင်စီကလူသားဒိုင်းအဖြစ် လုပ်ထား​သောပြည်သူတစ်ထောင်ကျော်ကိုလွှတ်ပေးရန် မြို့နယ်သံဃာ့နာယက မေတ္တာရပ်ခံထား

စစ်ကောင်စီကပြည်သူများကိုပြန်မလွှတ်ပေးဘဲလူသားဒိုင်းအဖြစ်ဖမ်းထားဆဲ

စစ်တပ်မီးရှို့ဖျက်ဆီးထားသာ အင်း​တော်မြို့မှ​နေအိမ်များ။ ဓါတ်ပုံ-CJ

ဟန်​နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် စစ်ကောင်စီတပ်က ​ဒေသခံ ပြည်သူ ၁၀၀၀ ကျော်ကိုလူသားဒိုင်းအဖြစ်ထိန်းသိမ်းထားသဖြင့်ပြန်လွှတ်ပေးရန် အင်းတော်မြို့နယ် သံဃမဟာနာယက က စက်တင်ဘာ ၇ရက်တွင် စစ်ကောင်စီထံ မေတ္တာရပ်ခံထားသော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးဟု မြေပြင် တော်လှန်ရေးတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် PDF၊ ပကဖများက ဩဂုတ် ၁၆ရက်တွင် စတင်ခဲ့ရာ သြဂုတ်လ (၂၄) ရက်နေ့တွင် အင်းတော်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ (၇၇) ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်စည်း ပြင်ဆင်ထားသည့် အပြင် ဂျပန်လှိုဏ်ဂူနှင့်မြေမျက်နှာသွင်ပြင် တဆက်တည်း ရှိနေပြီး မီတာ (၉၀၀) ကျော်သာ ကွာဝေးသည့် အင်းတော် မြို့မဘုန်းကြီးကျောင်းတပ်စွဲထားကြောင်း ​ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တပ်စွဲထားသည့်အပြင် ဒေသခံပြည်သူ ၁၀၀၀ကျော်ကို လူသားဒိုင်း အဖြစ် အသုံချရန်ရည်ရွယ်လျက်ဘုန်းကြီးကျောင်း၌ ပြန်ခွင့်မ​ပေးဘဲ ထိန်းသိမ်းထားခြင်းဖြစ်သည်။

“ပြည်သူတွေကို စစ်ကောင်စီကဘုန်းကြီးကျောင်းထဲ ထည့်ထားပြီး လုံး၀ ပေးမပြန်ဘဲ လူသားဒိုင်းလို သူက လုပ်ထားတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီကက လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူ (၁၀၀၀) ကျော်ကို လွှတ်ပေးရန် အင်းတော်မြို့နယ်၊ သံဃနာယကအဖွဲ့က စက်တင်ဘာလ (၇) ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီတပ်သို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ပေးပို့ခဲ့သော်လည်း ယနေ့ စက်တင်ဘာ (၁၆) ရက်နေ့အထိ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုနေဆဲ ဖြစ်သည်ဟုသိရသည်။

အလားတူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း အင်းတော် မြို့မ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပြည်သူများကို အဆိုပါအရပ်မှ စွန့်ခွာ၍ ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးထွက်ခွာနိုင်ရန် အသိပေးထားပြီး ထွက်ခွာ လာသော ပြည်သူများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန် ပန်ကြားထားသည်ဟုသတင်းရရှိသည်။

“အခုအချိန်ထိတော့ စစ်အုပ်စုက လုံး၀ ပေးမပြန်ဘဲ လူသားဒိုင်းလိုမျိုးကာထားတဲ့သဘော” ဟု သတင်းရင်းမြစ်က စက်တင်ဘာ ၁၆ ရက်တွင် People’s Springသို့ပြောသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများမှ နေအိမ်များကို မီးရှို့မှု၊ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများကြောင့် အောင်‌မေတ္တာရပ်ကွက်သစ်၊ အောင်ဇေယျရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ယာဥ်နားတန်းရပ်ကွက်၊ ဝင်ဒါမီယာရပ်ကွက်၊ ကြာအင်းရွာစသည့် ပြည်သူနေထိုင်ရာများမှ အိမ် စုစုပေါင်း၉၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းမြေပြင် စစ်​ရေး ရင်းမြစ်က ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။