Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ နေ့လည်က ထန်တလန်မြို့ပေါ်မှ အလင်းဝင်လာသည့် ရဲသုံးဦးနှင့် လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - CR News

ရဲခေါင်/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့( စက်တင်ဘာ ၁၆ ရက်) နေ့လည်ပိုင်းတွင် သေနတ် ၄လက်နှင့် ကျည်များ ယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA)ထံ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အလင်းဝင်တဲ့ရဲတွေက ထန်တလန်မြို့ပေါ်က Lai Villa တည်းခိုခန်းအဆောက်အအုံမှာ ခြေကုပ်ယူတပ်စွဲထားတဲ့သူတွေ”ဟု ချင်းပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Lai Villa၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA က ယမန်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

CNAက ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးကို ဇူလိုင်၂၂ ရက်ကစတင်နေခြင်းဖြစ်ပြီး ထန်တလန်မြို့ပေါ်မှ စစ်ကောင်စီအမာခံတပ်ကုန်းနှင့် ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီ စခန်း ၈ခုကို သိမ်းပိုက် ထားသည်။

ထို့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ထန်တလန်မြို့တိုက်ပွဲများအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကြောင်း CNAပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အသိပေးထားသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီ၏ ခလရ(၂၆၉ ) တပ်ရှိပြီး မြို့ပေါ်နေရာလေးခုခန့်တွင်လည်း တပ်စွဲထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်မြို့နယ်သို့သွား​​နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကလေး-သိုင်းငင်းလမ်းမပေါ်၌ ချင်းပြည်ကောင်စီ (CC )နှင့် ချင်းညီနောင်(CB) ပူးပေါင်းတပ်များက ဆက်လက်ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်က ပြောပြသည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) - ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ဇိုမီးတပ်ဖွဲ့ (ZRA)က စစ်ရေးလှုပ်ရှားမှုများရှိနေ၍ တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။