Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ နေ့လည်က ထန်တလန်မြို့ပေါ်မှ အလင်းဝင်လာသည့် ရဲသုံးဦးနှင့် လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - CR News

ရဲခေါင်/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့( စက်တင်ဘာ ၁၆ ရက်) နေ့လည်ပိုင်းတွင် သေနတ် ၄လက်နှင့် ကျည်များ ယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA)ထံ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အလင်းဝင်တဲ့ရဲတွေက ထန်တလန်မြို့ပေါ်က Lai Villa တည်းခိုခန်းအဆောက်အအုံမှာ ခြေကုပ်ယူတပ်စွဲထားတဲ့သူတွေ”ဟု ချင်းပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Lai Villa၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA က ယမန်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

CNAက ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးကို ဇူလိုင်၂၂ ရက်ကစတင်နေခြင်းဖြစ်ပြီး ထန်တလန်မြို့ပေါ်မှ စစ်ကောင်စီအမာခံတပ်ကုန်းနှင့် ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီ စခန်း ၈ခုကို သိမ်းပိုက် ထားသည်။

ထို့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ထန်တလန်မြို့တိုက်ပွဲများအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကြောင်း CNAပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အသိပေးထားသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီ၏ ခလရ(၂၆၉ ) တပ်ရှိပြီး မြို့ပေါ်နေရာလေးခုခန့်တွင်လည်း တပ်စွဲထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။