Connect with us

Hi, what are you looking for?

သတင်း

ဒေသတွင်းရေကြီးမှုဆိုးရွားစွာဖြစ်နေချိန်တွင် စစ်ကောင်စီက မိုးဗြဲမြို့အနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ဒေသတွင်းရေကြီးမှုဆိုးရွားစွာဖြစ်နေချိန်တွင် စစ်ကောင်စီသည် မိုးဗြဲမြို့အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MB PDF)က အသိပေး ထုတ်ပြန်သည်။

မိုးဗြဲမြို့တနေရာ လမ်းမပေါ် ရေကြီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - MB PDF

ရဲခေါင်/People’s Spring

ဒေသတွင်းရေကြီးမှုဆိုးရွားစွာဖြစ်နေချိန်တွင် စစ်ကောင်စီသည် မိုးဗြဲမြို့အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MB PDF)က အသိပေး ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၁၇ရက်)တွင် မိုးဗြဲမြို့အနီးတွင်စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေပြီး အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေနှင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများတွင် မသွားကြရန်နှင့်ဒေသတွင်း ရေကြီးမှုပိုမိုဆိုးရွားလာ၍ ရေဘေးသင့်ပြည်သူများအား တတ်နိုင်သမျှကူညီဆောင်ရွက်နေကြောင်း မိုးဗြဲPDFက အသိပေးသည်။

“ခမရ(၄၂၂)တပ်က လက်နက်ကြီးနဲ့ရမ်းသမ်း ထုနေတာ။တကယ်တမ်းတော့ သူတို့ကြောက်ပြီး ပစ်နေတာ။ဘာတိုက်ပွဲမှ မရှိဘူး။မိုးဗြဲ မြို့အဝင် ညောင်ဝိုင်းရဲ့ လမ်းတွေမှာ ရေကဒူးအထက် ပေါင်တံအထိ ရောက်ပါတယ်။ကားအနိမ့်တွေသွားလို့မရတော့ပါဘူး။အမြင့်ကားတောင် ဆွဲနေရတယ်”ဟု မိုးဗြဲPDF ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်(အင်းလေးဒေသ)၌ ရေကြီးမှုမှတဆင့် မိုးဗြဲဆည်အတွင်း ရေများရောက်ရှိပြီးနောက် မိုးဗြဲနှင့် လွိုင်ကော်မြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်များ ယနေ့မှစ၍ ရေနစ်မြုပ်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

“မိုးဗြဲ ရေကာတာ ဖောက်ချလိုက်တော့ ဘီးလူးချောင်းရေ အမြင့်ကတက်လာပြီး လွိုင်ကော်နဲ့ ဒီးမော့ဆိုဘက်က ရွာတွေ ရေမြုပ်နေတယ်။ရွာ ခုနစ်ရွာလောက် အရေးပေါ်ရွှေ့ပြောင်းထားရတယ်”ဟု ကရင်နီ ပြည်နယ်ရေဘေးကူညီနေသူတစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုနှင့်မြေပြိုမှုဘေးကြောင့် ဖယ်ခုံ၊လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို နှင့်ရှားတောမြို့နယ်တို့ရှိ လူဦးရေ သုံးသောင်းခန့်အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ကြေညာထားသည်။

ကရင်နီပြည်နယ်၌ တစ်ပတ်အတွင်း ရေကြီး၊မြေပြိုမှုများကြောင့် ၂၄ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိထားသူများရှိ​ကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

သတင်း

ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။