Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဒီကနေ့ (စက်တင်ဘာ ၁၉)မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဒီကနေ့ (စက်တင်ဘာ ၁၉)မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ “Our Ambassador Myanmars Voice” ၊ “ငါတို့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနဲ့ ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံပူးပေါင်းကာ အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။

မြင်းမူမြို့နယ်က ကျေးရွာအချို့မှာလည်း တော်လှန်ရုပ်ရှင်ပြသခြင်းနဲ့ လူထုဟောပြောပွဲတွေကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ ၊ မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူတွေက အတူပူးပေါင်းဦးဆောင်ကာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို မိုင်း၊လက်နက်ကြီး အန္တရာယ်၊ လေကြောင်းရန် ကာကွယ်ခြင်း ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနဲ့ “သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ” တော်လှန်ရုပ်ရှင် ပြသခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်တပ်ပေါင်းစုက ရွှေဝါရောင်တော်လှန်ရေး (၁၇)နှစ်ပြည့်အထိမ်းအမှတ်လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေက “Our Ambassador Myanmars Voice၊ ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” စာသားနဲ့အတူ သံအမတ်ကြီးရဲ့ ပိုစတာတွေကို ကိုင်ဆောင်ကာ အင်အားအများအပြားနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဓာတ်ပုံ – အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။