Connect with us

Hi, what are you looking for?

သတင်း

ဆိုင်းတောင်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ၁၆ ရက်​မြောက်တိုက်ပွဲဆက်လက်ပြင်းထန်

စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ့နေအိမ်အချို့ပျက်စီး

ဖားကန့် ဆိုင်း​တောင်ရွာတွင် စစ်​ကောင်စီဗုံးကြဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ

ဟန်​နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်တွင် ယနေ့ စက်တင်ဘာ ၂၂ရက်တွင်တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆိုင်းတောင်တွင် စက်တင်ဘာ ၇ရက်မှစ၍ စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်နေခြင်းဖြစ်ပြီး ၁၆ ရက်​မြောက်အဖြစ် ယ​နေ့တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

“ဖားကန့် ဆိုင်းတောင် တိုက်ပွဲ ပြင်းထန်နေဆဲဟုတ်တယ်။ ဒီနေ့ ၁၂နာရီခွဲမှာ လေယာဉ် ၂စီးနဲ့ဗုံးလာကြဲတယ်။ ဆိုင်းတောင်ရပ်ကွက်(၄)ဘက်က အရပ်သား ပြည်သူ အိမ်တချို့ ထိခိုက်တာရှိတယ်။ဆိုင်းတောင် ယူမာ ကျောက်စိမ်းရုံး ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး အဲဒီဘေးနားပတ်လည်ဗုံးကြဲသွားတာ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ရာ၌ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများအသုံးပြု တိုက်ခိုက်နေသည်ဟု ယူဆကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIA ပူးပေါင်းတပ်သည် စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီကဆိုင်းတောင်ရှိပြည်သူလူထုနေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ထို့ပြင် လေကြောင်း၊ လက်နက်

ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ပြည်သူလူထုနေအိမ်များလည်း ပျက်စီးခဲ့ရာ စုစုပေါင်း အိမ်ခြေ ၂၀၀ ကျော်ပျက်စီးခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။

စက်တင်ဘာ ၂၀ရက်တွင် KIA ပူးပေါင်းတပ်က ဖားကန့် တပ်မကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ဖားကန့်တွင် တပ်မကုန်းဟုခေါ်သည့် ဖားကန့် ဗျူဟာစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၆ခုသာ ကျန်နေပြီး အဆိုပါတပ်စခန်းများ မကျရေး စစ်ကောင်စီက လေကြောင်း ပစ်ကူပေးလျက်ရှိသည်။

ဖားကန့်မြို့နယ်အတွင်း တပ်စခန်းအများစုကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်၍ မြေပြင်မှစစ်ကူပေးရန် စစ်ကောင်စီအတွက်အခက်အခဲဖြစ်နေရာ လေကြောင်း ပစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲများပြင်းထန်​နေသည့်အတွက် ​ဖားကန့်ဒေသခံအများစုမှား ​ဘေးလွတ်ရာသို့ ထွက်​ပြေးတိမ်း​ရှောင်​နေကြ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။