Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ချမှတ်ပြီးကွပ်မျက်ပါက ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်ဟု စစ်ကောင်စီကို IIMM သတိပေး

အာဏာသိမ်းစစ်ကောင်စီက လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က အနီးကပ် စောင့်ကြည့်နေကြောင်း ယမန်နေ့(စက်တင်ဘာ ၂၃ရက်)တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတကာစစ်ရာဇဝတ်မှုများ တရားစွဲဆိုစီရင်​သော ICC တရားရုံး။ ဓါတ်ပုံ-Getty Images

အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က အနီးကပ် စောင့်ကြည့်နေကြောင်း ယမန်နေ့(စက်တင်ဘာ ၂၃ရက်)တွင် သတင်းထုတ်ပြန်သည်။

“တရားမျှတသောအမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်”ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းထားသည့် IIMM က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီက တရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြားသောအာမခံချက်များကို ကျင့်သုံးခြင်း ရှိ၊ မရှိ သံသယဖြစ်ဖွယ်ရှိသည့် အခြေအနေမျိုးတွင် ထောင်ဒဏ်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ပါက လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်ဟု အထက်ပါကုလယန္တရားက ထပ်မံသတိပေးသည်။

တရားမျှတသောအမှုစစ်ဆေးစီရင်မှု၏ အခြေခံအာမခံချက်များကို ချိုးဖောက်ပြီး သေဒဏ်ချမှတ်ခံရသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့အား တရားစွဲဆိုထားသော အမှုများကို ယန္တရားက စောင့်ကြည့်နေပြီး အချက်အလက်များ စုဆောင်းလျက်ရှိသည်ဟု ဆိုသည်။

IIMM ယန္တရားကရရှိထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွပ်မျက်မှုကို ကြုံတွေ့ရနိုင်သည်ဟုဆိုသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း အဓမ္မဖမ်းဆီးချုပ်နှောင်ခံထားရသူ လူငယ်အချို့ကိုစစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ကြိုးပေးကွပ်မျက်မည်ဆို​သော သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသော်လည်း ယနေ့(စက်တင်ဘာ ၂၄ရက်) နံနက်ပိုင်းအထိ အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း အထင်ကရနိုင်ငံသမားနှစ်ဦးဖြစ်သည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ၂၀၂၂ ဇူလိုင် ၂၃ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ အဆိုပါကြိုးပေးကွပ်မျက်မှုသည် မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီ၏ ပထမဆုံးကြိုးပေးသတ်ဖြတ်မှုဖြစ်ပြီး နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ပြည်သူ ၁၆၇ဦးကို သေဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။