Connect with us

Hi, what are you looking for?

သတင်း

မန္တလေး၊ တောင်ကြီးနှင့် မူဆယ်တို့တွင် MNDAA တပ်ဖွဲ့ဝင် အယောင်ဆောင် ငွေညှစ်ငွေလိမ်ခြင်းများရှိနေဟု သတိပေး

မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်မည့် မူဝါဒချမှတ်ထားခြင်းမရှိဟု ထပ်လောင်းအသိပေး

ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များကို ၂၀၂၂ မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-The Kokang

ဟန်နွေ/People’s Spring

မသမာသူတချို့သည် ကိုးကန့်တပ်မတော် (MNDAA)တပ်ဖွဲ့ဝင်အဖြစ်ယောင်ဆောင်ပြီး ငွေညှစ်ငွေလိမ်ခြင်းများရှိနေကြောင်း MNDAAက သတိပေး ထုတ်ပြန်သည်။

မသမာသူတချို့သည် MNDAA တပ်ဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ အထူးဒေသ(၁)ဘဏ္ဍာရေးဌာန သို့မဟုတ် အခြားသောဌာနအဖွဲ့ဝင်များအဖြစ်လည်းကောင်း အယောင်ဆောင်ပြီး မန္တလေး ၊ တောင်ကြီးနှင့် မူဆယ်စသည့် မြန်မာနိုင်ငံနေရာအနှံ့ရှိ ဆိုင်ဘာမူခင်း(ကျဖျင်)ကုမ္ဗဏီနှင့် စီးပွားရေးပိုင်ရှင်ထံ ငွေညှစ်ငွေလိမ်ခြင်း ၊ ရိက္ခာတောင်းခံခြင်း နှင့် ငွေကြေးကောက်ခံခြင်းများ ရှိနေသည့် အခြေအနေကြောင့် ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အထက်ဖော်ပြပါလုပ်ရပ်များသည် MNDAA၏ ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ထိခိုက်စေသည့်အတွက်ကြောင့် မသမာသူများကို ဥပဒေနှင့်အညီ အချိန်အကန့်အသတ်မရှိ ပြင်းပြင်းထန်ထန်အရေးယူသွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၏အခြေအနေမတည်ငြိမ်မှုကြောင့် မသမာသူများအား ပြစ်မှုကျူးလွန်သည့် အခွင့်အရေးများ ရရှိသွားစေကြောင်း၊ ထို့ကြောင့် ပြည်သူလူထုများအနေဖြင့် အသိတရားမြှင့်တင်ပြီး မလိုအပ်သည့်ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက်ကြိုတင်ကာကွယ်ကြရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

MNDAAတပ်ဖွဲ့သည် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ (MNTJP) ၏ဦးဆောင်မှုအောက်ရှိ ပြည်သူ့ တပ်မတော်တရပ်ဖြစ်ပြီး ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကာကွယ်ပေးရေးကို အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ ပြည်သူလူထုထံမှ ငွေညှစ်ငွေလိမ်သောလုပ်ရပ်များကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီအနေဖြင့် မန္တလေးတွင် အခွန်ကောက်ခံခြင်း နှင့် မန္တလေးဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မည့် မူဝါဒများချမှတ်ထားခြင်းလုံးဝမရှိကြောင်း ထပ်လောင်း အသိပေးသည်။

ပြည်သူလူထုအနေဖြင့်လည်း ငွေညှစ်ငွေလိမ် ခြင်းနှင့်ပတ်သက်သောစာရွက်စာတမ်းများလက်ခံရရှိလာပါက အထူးဒေသ(၁) အုပ်ချုပ်ရေး ကော်မတီနှင့် MNDAAထံသို့ တက်ကြွစွာလာရောက်သတင်းပို့တိုင်ကြားရန် ဖိတ်ခေါ်ကြောင်း ဖော်ပြထားပြီး အတူတကွပူးပေါင်းပြီး မသမာသူများကို ဥပဒေနှင့်အညီ ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။