Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်ခရိုင် PDF စစ်ကြောင်းနှစ်ခုကို NUG က ၂၀၂၄မေလ ၂၆ ရက်တွင် လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၂၄)နံနက် ၈နာရီခန့်က အရှေ့မော်တုန်းရွာအခြေစိုက် အမြောက်တပ်ရင်း အမတ(၃၀၆)မှ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်သားများ ဘန်းလမွတ်ကျေးရွာအုပ်စုသို့ ခြေလျင်စစ် ကြောင်းထိုးလာရာ ပနပ်ငယ်ကျေးရွာအနီး၊ ကျောက်မိုင်းကုန်းအရောက်၌ တနင်္သာရီ ပကဖ(ဇုန်-၅) ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ (စက်တင်ဘာ ၂၄) မွန်းလွဲ ၁နာရီဝန်းကျင်တွင်လည်း ဘန်းလမွတ်ရွာ၊ လယ်ဦးရေတံခွန်အနီးသို့ စစ်ကောင်စီတပ် နောက်ထပ်တစ်ဖွဲ့ရောက်ရှိလာရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မကန်ပိုင်း ဒရုန်းမစ်ရှင်မှာ ဗုံးသီး ၃ လုံးသုံးခဲ့တယ်ဗျ။ ဒီကောင်တွေ ခုချိန်ထိ(စင်တင်ဘာ ၂၅)အပြင်မထွက်သေးဘူး။ အဲဒီဝန်းကျင်မှာပဲ ရှိနေသေးတယ်။ လူမြင်ကွင်းမှာ မနေကြဘူး”ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်ကလည်း ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာအနီး စစ်ကောင်စီခြေလျင်စစ်ကြောင်းကို တနင်္သာရီပကဖဇုန်(၅)အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၁၇ရက်က တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာ စာသင်ကျောင်းအနီး ကင်းချထားသော စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂)က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးခဲ့သေးသည်။

ယမန်နေ့(စက်တင်ဘာ ၂၄ ရက်)က အထက်ပါ စစ်ကောင်စီအမြှောက်တပ် အမတ(၃၀၆) တပ်ရင်းမှ ပဝ(အောင်မြင်ရွာ)ရွာပေါ်သို့ ၁၂၀ မမ အပါအဝင်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပဝရွာမှ နေအိမ်သုံးလုံးထင်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook