Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်ပကဖ အား NUG က လက်နက်တပ်ဆင်ပေး

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှလက်နက်တပ်ဆင်ခြင်းခဲ့ကြောင်း ညောင်းဦး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ညောင်ဦးပကဖကို NUG ကာကွယ်​ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်​ခြင်းနှင့် သင်တန်းဆင်းသောအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-​ညောင်ဦးပကဖ

ကျော်ဇော/People’s Spring

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှလက်နက်တပ်ဆင်ခြင်းခဲ့ကြောင်း ညောင်းဦး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်တပ်ဆင်ခြင်းအခမ်းအနားနှင့်အတူ သင်တန်းဆင်းပွဲ အခမ်းအနားကိုပါ လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က MOD က ချပေးတာရယ်၊ရန်သူဆီက သိမ်းထားတဲ့ လက်နက်ရယ်ဆို လက်ရှိလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ပဲ တပ်ဆင် နိုင်ပါသေးတယ်”ဟု ညောင်ဦးမြို့ နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ညောင်ဦးမြို့နယ်(ပကဖ)နှင့် ပူးပေါင်းအဖွဲ့များသည် စက်တင်ဘာလ ၂၀ ရက်နေ့က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းမှ ကင်းပတ်ပြန်လာသော စစ်သားနှင့်ရဲများလိုက်ပါလာသည့် ကားလေးစီးနှင့် ဆိုင်ကယ်သုံးစီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သုံးဦးနေရာတင်ပွဲချင်းပြီး သေဆုံး၍ ကိုးဦးမှာ ပြင်း ထန်ဒဏ်ရာများရရှိကာ ညောင်ဦးခရိုင် ဆေး ရုံသို့ ပို့ဆောင်လိုက်ရကြောင်း ညောင်ဦးမြို့ နယ်-ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားထားသည်။

ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သားများထံမှ M22 အမျိုးအစားသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။