Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တွင် စစ်ရှောင်များအား ပကဖရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်များက ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သတင်းရရှိသည်။

စစ်ရှောင်ပြည်သူများအား ဆေးဝါးကုသမှုပေးနေသော မိုးကုတ်ပကဖရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပကဖအသံ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်များက ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့နှင့်အနီးတဝိုက်ရှိ စစ်ရှောင်ပြည်သူများနှင့် ဆေးဝါးကုသရန် ခက်ခဲနေသော ကျေးရွာများကို မိုးကုတ်ပကဖ ရဲဘော်များက ကွင်းဆင်းကာ လိုက်လံကုသပေးနေကြောင်း ပကဖအသံက ယနေ့ စက်တင်ဘာ ၂၆ရက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အများစုမှာ ဖျားနာသူများနှင့် ငှက်ဖျားဖြစ်နေသူများဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးရုံဆေးခန်း မပြနိုင်သူ အများအပြားရှိနေပြီး ဆေးဝါးများလည်း လိုအပ်နေသည်ဟု ပကဖအသံက ရေးသားသည်။

မိုးကုတ် ပကဖသည် လက်ရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသော ဒေသများနှင့် ဆေးဝါး အလွယ်တကူမရရှိနိုင်သည့် ဒေသများအား ဦးစားပေးကုသနေကြောင်း သိရသည်။

မိုးကုတ်မြို့ကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့်အတူ ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတကာ

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။