Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေပါဝင်ကြတဲ့ Blue Shirt ကမ်ပိန်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။

ဧပြီ-၁၃၊၂၀၂၆။သတိုး/People’s Spring

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။

သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကလည်း ဒီလှုပ်ရှားမှုမှာပါဝင်ပြီးစစ်တပ်က အဓမ္မဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ ဆုတောင်းပေးထားပါတယ်။

“အာဏာရှင်စနစ်အောက်မှာ “အကျဉ်းထောင်” များထဲက နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုခြင်းဟာ “အကျယ်ထောင်” ထဲက ကျနော်တို့တွေအတွက် လုပ်ကို လုပ်ရမယ့် “တာဝန်” တရပ်ပဲဖြစ်ပါတယ်။” လို့ ဒေါက်တာတေဇာဆန်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကမ်ပိန်းကို ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဧပြီ ၁၀ ကနေ ၂၁ ရက်အထိပြုလုပ်နေတာပါ။

ကမ်ပိန်းမှာ ပြည်သူတွေပါဝင်ကြသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အပြာရောင်အင်္ကျီတွေကို ဝတ်ဆင်ပြီး ပါဝင်ခဲ့ကြပါတယ်။

ကမ်ပိန်းမှာပါဝင်သူတွေက လက်သုံးချောင်းထောင်သူတွေရှိသလို တချို့ကလည်း Free All Political Prisoner စာတန်းကိုကိုင်ဆောင်ထားကြပြီး အဲဒီ့လှုပ်ရှားမှုဓာတ်ပုံတွေ ဗီဒီယိုတွေကို လူမှုကွန်ရက်စာမျက်နှာမှာတင်ကာပါဝင်ခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။