Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ ဆန္ဒထုတ်ဖော်

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့အတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၃၀)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့အတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၃၀)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက ဦးဆောင်ကာ (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ သံတမာန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက “Our Ambassador Myanmars Voice” ၊ “ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတွေ ကိုင်ဆောင်ပြီး မြန်မာပြည်သူလူထုကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်တို့က ဥိီးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချီတက်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာတစ်ရွာကစျေးမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ် ကော်မတီ (DDMSC) ၊ လူထုစည်းရုံးရေးဆပ်ကော်မတီမှ လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်အနေနဲ့ နိုင်ငံရေးအရ၊ စစ်ရေးအရပါ အရေးနိမ့်နေတဲ့အချိန်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျှက်ရှိကြောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်းအကျဥ်းချပြီး ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲဆိုတာ စစ်အာဏာတည်မြဲရေးအတွက် လူထုနဲ့ နိုင်ငံတကာကို မြူဆွယ်လှည့်ဖြားမှုသာ ဖြစ်ကြောင်း DDMSC က ဆိုသည်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီကောက်ယူမယ့် သန်းခေါင်စာရင်းကို ပြင်းပြင်းထန်ထန်ငြင်းဆန်ကြပြီး အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ DDMSC၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။