Connect with us

Hi, what are you looking for?

သတင်း

ကြည့်မြင်တိုင်မြို့ ရပ်ကွက်ရုံး ၂ရုံးတိုက်ခိုက်မှု သုံးဦးထက်မနည်းသေဆုံးနိုင်ဟု ပြောက်ကျားအဖွဲ့ပြော

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံးအား ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ K ကလူထုနွေဦးသို့ ပြောသည်။

ရန်ကုန်မြို့လယ်တွင် တားဆီးထားသော ဘယ်ရီဂိတ်များအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ-EPA

သတိုး/People’s Spring

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံးအား ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ K ကလူထုနွေဦးသို့ ပြောသည်။

“ထိခိုက်သေဆုံးတွေ အကုန်လုံးက အကြမ်းဖက်စစ်တပ်လက်ပါးစေ အုပ်ကြီး၊ ပျူ၊ ဒလန် နဲ့ သန်းခေါင်စာရင်းကောက်မဲ့ ရုံးစာရေးမတွေပါ။ ပြည်သူအဝင်အထွက် မရှိတဲ့အချိန်၊ သူတို့ချည်းပဲ ရှိတဲ့အချိန်ကို ချိန်ကိုက်လုပ်ဆောင်ခဲ့တာပါ။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို Mission Kအနေဖြင့် စက်တင်ဘာ ၃၀ရက် နေ့လည် ၁၂ ခွဲခန့်တွင် အလတ်ချောင်း နှင့် စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရန် အစည်းအဝေးပြုလုပ်နေစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံမီဒီယာများက ရေဘေးအတွက် လှူဒါန်းသော ပစ္စည်းထုတ်များမှပေါက်ကွဲခြင်းဖြစ်ပြီး Smart Card ပြုလုပ်နေသည့် ပြည်သူများ ထိခိုက်ခဲ့သည်ဟု လိမ်လည်ဝါဒဖြန့်ချိနေသည်။

” စစ်တပ်လော်ဘီတွေဖက်က သူတို့ သန်းခေါင်စာရင်းကိစ္စ အစည်းဝေးကို လုပ်လိုက်တာ ဖုံးချင်လို့ Propaganda လုပ်ပြီး ဝါဒဖြန့်နေတာပါ။ သူတို့ဖက်က ဒီကိစ္စကို ရေးတင်တဲ့သတင်းပေါင်းစုံကို ဖတ်ကြည့်ရင် သိသာပါတယ်။ ကျနော်တို့ကို အမည်ဖျက်ချင်တဲ့သဘောပါ။”ဟု တာဝန်ခံ Kက ပြောသည်။

ယင်းပေါက်ကွဲမှုတွင် အလတ်ချောင်းရုံးမှ ထိခိုက်သူ ၈ဦးနှင့် စက်ဆန်းရုံးမှ ထိခိုက်သူ ၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာပြင်းထန်သောကြောင့် သုံးဦးထက်မနည်းသေဆုံးနိုင်ကြောင်း ၎င်းက ဆိုသည်။

ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“စစ်ကောင်စီအလိုကျသန်းခေါင်စာရင်းကောက်ယူဖို့ပူးပေါင်းပါဝင်နေကျသော စခ၊ ရခ မြို့နယ်ထွေအုတ်ဝန်ထမ်းမျာ ရပ်ကျေးအဖွဲ့ဝင်များ ပျူဒလံများအနေဖြင့်ကိုယ့်အသက်ကိုတန်ဖိုးထားသောအားဖြင့်ဆက်လက်မပူးပေါင်းကျပါရန်ထပ်မံသတိပေးလိုက်ပါတယ်။”ဟု အထက်ပါတာဝန်ခံက သတိပေးထားသည်။

စစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ကြေညာထားပြီး တော်လှန်ရေးအဖွဲ့အစည်းများက သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ကူညီသူများကို ပြစ်ဒဏ်ပေးမည်ဟု ကြေညာထားသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းသည် စစ်ကောင်စီ ၏အယောင်ဆောင် ရွေးကောက်ပွဲအတွက် ရှေ့ပြေး အစီအစဉ်ဖြစ်ပြီး ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များကို ဆန့်ကျင်ရန် ရန်ကုန်သပိတ်အင်အားစုများကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီ​၏ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ဇွန်လ ၂၄ ရက်ည ၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ လုံခြုံရေးကင်းက ပစ်ခတ်တာလို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

သတင်း

မုံရွာခရိုင်တပ်ရင်း (၂၊ ၃၊ ၄)အနေဖြင့် ထိုးစစ်တိုက်နေ၍ လက်နက်ခဲယမ်းလိုအပ်နေသည်ဟု Chindwin Attack Force က မကြာခဏတောင်းဆိုနေရသည်။

သတင်း

စစ်​ကောင်စီတပ်နှင့်ရုံးများရှိ​​​သောရပ်ကွက်တွင် အတင့်ရဲစွာဓါးပြတိုက်ခြင်းဖြစ်​သော​ကြောင့် စစ်​ကောင်စီတပ်သား၊စစ်​ကောင်စီတပ် ​နောက်လိုက်များက ကျူးလွန်ခြင်းဖြစ်နိုင်​ကြောင်း ​ဒေသခံများကသုံးသပ်​ပြောကြား​နေကြသည်။

Facebook