Connect with us

Hi, what are you looking for?

သတင်း

တောင်ကျချောင်းထဲ ကားဖြင့်မျောပါသေဆုံးသူမှာ စစ်တပ်ပိုင် ဆင်မင်းဘိလပ်မြေစက်ရုံမှူး ဒုဗိုလ်မှူးကြီးဖြစ်​နေ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်တပ်ပိုင် ဆင်မင်းဘိလပ်မြေစက်ရုံမှ ဒုဗိုလ်မှူးကြီးညီ‌ဇော်သည် တောင်ကျချောင်းရေကျော်နေချိန် ကားဖြတ်မောင်းရာမှ ရေစီးဖြင့် မျောပါသေဆုံးသွားကြောင်း သတင်းရရှိသည်။

ရေစီးဖြင့် မျောသွားသည့်ကားအား ဆယ်ယူနေစဥ်။ ဓာတ်ပုံ-Kyaukse Rescue

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်တပ်ပိုင် ဆင်မင်းဘိလပ်မြေစက်ရုံမှ ဒုဗိုလ်မှူးကြီးညီ‌ဇော်သည် တောင်ကျချောင်းရေကျော်နေချိန် ကားဖြတ်မောင်းရာမှ ရေစီးဖြင့် မျောပါသေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၁ရက်) ည ၇နာရီခွဲခန့်က ဒုဗိုလ်မှူးကြီးညီ‌ဇော်၏ ပရိုဘောက်စ်ကားချောင်းရေစီးဖြင့် မျောပါသွားခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ဒုဗိုလ်မှူးကြီးညီ‌ဇော်သည် ဆင်မင်းဘိလပ်မြေစက်ရုံမှ ဒု-စက်ရုံမှူးဖြစ်ပြီး Officer Training School-OTS အပတ်စဥ်(၇၉) ကျောင်းဆင်းဟု သိရကြောင်း စက်ရုံနှင့် နီးစပ်သူများက ပြောသည်။

၎င်း၏ ရုပ်အလောင်းနှင့်ကားအား ယနေ့ (အောက်တိုဘာ ၂ ရက်)နံနက်က ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

“ဆင်မင်း စက်ရုံမှူးပါ။ မျောသွားတဲ့နေရာကနေ တစ်မိုင်လောက်အကွာမှာမှ ပြန်တွေ့တာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အရပ်ဖက်မှ ဘွဲ့တစ်ခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း အရာရှိကြီးများအား စစ်တပ်ပိုင် စက်ရုံအလုပ်ရုံများ၌ ရွှေ့ပြောင်းတာဝန်ချထားပေးလေ့ရှိကြောင်း စစ်တပ်နှင့်နီးစပ်သူများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်းက ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်တက်မယ့်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မပေးလို့ ကျောင်းသူတွေ အဆင်မပြေဖြစ်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်ရာ သားအမိလေးဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်‌ကြောင့် ပုံစံပျက်သွားသော်လည်း ဖြိုမချဘဲကွန်ကရစ်‌လောင်းထိန်းသိမ်းရန် စစ်ကောင်စီခေါင်းဆောင်က ညွှန်ကြားထားသည့် ‌ကျောက်ဆည်မြို့၊ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်တုံးကြီးသည် ပြိုကျလာမည့်အန္တရာယ်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။