Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်တွင် ရေဘေးကြောင့် လယ်ဧကတစ်သောင်းခန့် ပျက်စီးဆုံးရှုံး

စားနပ်ရိက္ခာဖူလုံရေး စိုးရိမ်ရသည့်အခြေအနေရှိဟု IEC ပြော

ပြီးခဲ့သည့် စက်တင်ဘာအတွင်း မိုးဗြဲမို့နယ်၌ ရေကြီးရေလျှံမှုကြောင့် စပါးခင်းများရေမြုပ်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - The Voice of Karenni

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်တွင် ရေဘေးကြောင့် လယ်ဧကတစ်သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

စက်တင်ဘာ ဒုတိယပတ်ကစ၍ မိုးအဆက်မပြတ်ရွာခြင်းနှင့် စစ်ကောင်စီက မိုးဗြဲရေကာတာဖောက်ချခြင်းတို့ကြောင့် ကရင်နီပြည်နယ်အတွင်း ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

“အခြေခံအားဖြင့် အခု ရေနစ်ပျက်စီးသွားတဲ့ လယ်ဧကက တစ်သောင်းဝန်းကျင်လောက်ရှိတယ်။အထူးသဖြင့် မိုးစပါးစိုက်ပျိုးတဲ့ လွိုင်ကော်မြို့နယ်၊ဒီးမော့ဆိုမြို့နယ်ရယ် နန်းမယ်ခုံတစ်ကြောက တော်တော်လေးရေနစ်သွားတယ်။လက်ကျန်နွေစပါးနဲ့ အရင်နှစ်က စပါးတွေပေါင်းလိုက်ရင်တော့ နောက်နှစ်လစာပဲ ကျန်တော့တယ်”ဟု ဦးဗညားက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်းသို့ ပြည်မမှကုန်စည်စီးဆင်မှုကို ပိတ်ဆို့ထားကြောင်းလည်း ၎င်းက အသိပေးသည်။

“စားနပ်ရိက္ခာနဲ့ပတ်သက်လို့က ကျွန်တော်တို့မှာ စိုးရိမ်ချက်တွေ အမြဲတမ်းရှိတယ်။ကျွန်တော်တို့ပြည်နယ်ထဲကိုလည်း ပြည်မဘက်က ဆန်စပါးဝင်လာမှုက မရှိသလောက်ဖြစ်သွား ပြီ”ဟု ဦးဗညားက ပြောသည်။

စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စနစ်အပြင် လက်ရှိ ရေကြီး၊ရေလျှံမှုကာလတွင်ပင် စစ်ကြောင်းထိုးနေသည်မှာ ကရင်နီပြည်နယ်ရှိ ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်ရရှိရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီဒေသခံတစ်ဦးက ဆိုသည်။

“တောင်ငူလမ်းဆိုပါတော့ ပြည်မဖက်ကနေ ဆန်တွေကို ကရင်နီထဲကို တင်လာလို့မရဘူး။စကစက ပိတ်ဆို့ထားတယ်။ဒါပေမဲ့ ကရင်နီထဲကနေ အဲဖက်ကို ဆန်တင်သွားရင် စကစကခွင့်ပြုတယ်။ဘာကြောင့်လဲဆိုတာ သဘောပေါက်ကြမှာပါ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကရင်နီပြည်နယ်အတွင်း ဆန်ရိက္ခာပြတ်တောက်မှုမရှိအောင် ကျန်နေသေးသည့် ဆန်စပါးများကို ထိန်းချုပ် သိုလှောင်ထားရန် ပြည်နယ်တာဝန်ရှိသူများ အနေဖြင့် ကြပ်မတ်ရန် လိုကြောင်းလည်း ၎င်းက တိုက်တွန်းသည်။

ကရင်နီပြည်နယ် ဖယ်ခုံ၊လွိုင်ကော်၊ဒီးမော့ဆို၊ရှားတော၊ဖားဆောင်း၊ဘောလခဲ နှင့် ဖရူဆိုမြို့နယ်တွင် ရေဘေးကြောင့် နေရပ်စွန့်ခွာနေရသူ ၂၁,၇၃၉ ဦးရှိ ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

ထို့အပြင် ရေဘေးနှင့်မြေပြိုမှုကြောင့် ဒီးမော့ဆိုမြို့နယ်တွင် သေဆုံးသူ ၁၈ ဦးရှိပြီး ဘောလခဲ၊ရှားတော၊လွိုင်ကော်၊ဖယ်ခုံမြို့နယ်၌ သေဆုံးသူ ၁၀ ဦးရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း

ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။