Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်တွင်လေကြောင်းအန္တရာယ် သတိပြုရန် ပအဖသတိပေး

စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ်ကိုယနေ့(အောက်တိုဘာလ ၅ရက်) ညနေပိုင်း၌ စစ်ကောင်စီက လေကြောင်းမှ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ လေကြောင်းအန္တရာယ် အထူးသတိထားနေထိုင်ကြရန်ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးသည်။

လူအေး/People’s Spring

စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ်ကိုယနေ့(အောက်တိုဘာလ ၅ရက်) ညနေပိုင်း၌ စစ်ကောင်စီက လေကြောင်းမှ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ လေကြောင်းအန္တရာယ် အထူးသတိထားနေထိုင်ကြရန်ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးသည်။

စစ်​ကောင်စီက ဂျက်ဖိုက်တာ၊ Mi 35 ရဟတ်ယာဥ်ဖြင့်​အောက်တိုဘာ ၅ ရက်ညနေ ၂နာရီ ၂၇ မိနစ်မှ ၂နာရီ ၃၂မိနစ်ကြား၌ လေးကြိမ်၊ ညနေ ၆နာရီခန့်တွင် နှစ်ကြိမ် စုစု​ပေါင်း ၆ ကြိမ် တိုက်ခိုက်သွားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့ကံပြား၊တောင်ပြင်၊အနောက်ကွက်သစ်၊တင်းတိန်ရန်ဘုရားကုန်းတို့ကို တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေ ၆နာရီခန့်က တင်းတိန်ရန်ဘုရားကုန်းအနီးသို့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်မှုတွင် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူမှာ ဒေါ်ဝင်းမာဆိုသူဖြစ်သည်။ စစ်ကောင်စီက ဒီပဲယင်းမြို့နယ်အား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများကို လူမဆန်စွာ ဆက်တိုက်ပြုလုပ်နေ၍ လေကြောင်းအန္တရာယ် အထူးသတိထားနေထိုင်ကြရန် ဒေသခံများအားဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတိပေးထားသည်။

ဒီပဲယင်းမြို့ရှိ စစ်တပ်စခန်းနှင့် စစ်တပ်တပ်စွဲရာ​နေရာတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ၁၅ရက်ညနေမှ စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်၊ နံနက်တွင် သိမ်းပိုက်

နိုင်ခဲ့သည်။ ထို့နေ့တွင်ပင် စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ပြီး စစ်ကူများပို့၍ ပြန်လည်ထိန်းချုပ်သွားခဲ့သည်။ ထိုနောက်ပိုင်းတိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီသည် လေကြောင်းသုံး၍ အင်အားအများအပြားဖြည့်တင်းထားကြောင်းသတင်းရရှိသည်။

မြို့တွင်း၌ပြန်လည်တပ်ဆွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်များ၊ ခြံဝန်းများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူမည်ကို စစ်ကြောင်းထိုး၍စစ်ဆေးခြင်း၊ မီးရှို့ဖျက်စီးခြင်းများပြုလုပ်ခဲ့သည်။

ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များအထိုင်ချတပ်စွဲထားသော ကံပြားရွာ၊ ပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အ.ထ.က စာသင်ကျောင်းနှင့် ကုန်းသာဦးဘုရားဝင်းတို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ (၁၇)ရက်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့ ​သေးသည်။

​အောက်တိုဘာ လဆန်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက် နေခြင်းဖြစ်သည်။ ဒီပဲယင်းမြို့နှင့်တဆက်တည်းဖြစ်သောဘုတလင်မြို့တွင်စက်တင်ဘာလ ၃၀ ရက်နေ့က အင်အား ၈၅ ဦးပါ စစ် ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးနှစ်ဦး အပါအဝင် ၄၃ ဦးက်ို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။