Connect with us

Hi, what are you looking for?

သတင်း

KIA က ပန်ဝါမြို့သွားလမ်းပေါ်ရှိ စစ်စခန်း အချို့ကို ထပ်မံ သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ သွားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်​ရေး​လေ့ကျင့်​နေကြ​သောKIA တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ သွားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ လဆန်းတွင် ဆော့လော်မြို့၊ စက်တင်ဘာလကုန်ပိုင်းတွင် ချီဖွေမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA ပူးပေါင်းတပ်သည် အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁မိုင် BGF စခန်းကို သိမ်းပိုက်ခဲ့ပြီး အောက်

Public Service Announcement

Public Service Announcement

တိုဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

လန်းဂျော်စစ်ကောင်စီ ယာယီစခန်းသိမ်းပိုက်စဉ် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟုသိရသည်။

ယင်းနှင့်ပတ်သက်၍ အခြား သတင်းရင်းမြစ်တစ်ဦးအား မေးမြန်းရာ ၎င်းက “ ပန်ဝါတော့ မရောက်သေးဘူး။ ပန်ဝါအနီးအနားက စခန်းတစ်ခု အဲဒါ သူတို့ရဲ့ ပန်ဝါတက်သွားမယ့် ၁၁ မိုင်ထဲက တပ်တစ်ခုကို KIAက သိမ်းလိုက်တာ။ အခု ပန်ဝါ ဘက် ထိုးစစ်ဆင်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတော့ ရတယ်”ဟု ပြောသည်။

ပန်ဝါတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန်KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ထားဆဲဖြစ်သည်။

KIA နှင့် KPDF ပူးပေါင်းတပ်သည် စက်တင်ဘာ ၂၉ရက်မှ အောက်တိုဘာ ၂ရက် အထိ ၄ရက်ကြာ ထိုးစစ်အတွင်း ချီဖွေမြို့နှင့် ဆော့လော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။ ချီဖွေတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ပန်ဝါဘက်သို့ထွက်ပြေးသွားသည်ဟုလည်း သတင်းရင်းမြစ်အချို့က ပြောကြားထားသည်။

ယခု KIA ထိုးစစ်ဆင်နေသည့် ဒေသသည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ၏ ကချင်အထူးဒေသ(၁)နယ်မြေဖြစ်ပြီး လက်ရှိတွင် ကချင်အထူးဒေသ(၁) အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIAက အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထို့ပြင်ဒေသတွင်း လမ်းကြောင်းများကိုလည်း KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

သတင်း

ကချင်ပြည်နယ်ꩻ ဗန်းမော်မြို့ကို စစ်တပ်က အင်အား ၁၀၀၀ ကျော် ဖြည့်တင်းထားပြီး အများစုဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Trending

Facebook