Connect with us

Hi, what are you looking for?

သတင်း

KIA က ပန်ဝါမြို့သွားလမ်းပေါ်ရှိ စစ်စခန်း အချို့ကို ထပ်မံ သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ သွားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်​ရေး​လေ့ကျင့်​နေကြ​သောKIA တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ သွားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ လဆန်းတွင် ဆော့လော်မြို့၊ စက်တင်ဘာလကုန်ပိုင်းတွင် ချီဖွေမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA ပူးပေါင်းတပ်သည် အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁မိုင် BGF စခန်းကို သိမ်းပိုက်ခဲ့ပြီး အောက်

Public Service Announcement

Public Service Announcement

တိုဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

လန်းဂျော်စစ်ကောင်စီ ယာယီစခန်းသိမ်းပိုက်စဉ် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟုသိရသည်။

ယင်းနှင့်ပတ်သက်၍ အခြား သတင်းရင်းမြစ်တစ်ဦးအား မေးမြန်းရာ ၎င်းက “ ပန်ဝါတော့ မရောက်သေးဘူး။ ပန်ဝါအနီးအနားက စခန်းတစ်ခု အဲဒါ သူတို့ရဲ့ ပန်ဝါတက်သွားမယ့် ၁၁ မိုင်ထဲက တပ်တစ်ခုကို KIAက သိမ်းလိုက်တာ။ အခု ပန်ဝါ ဘက် ထိုးစစ်ဆင်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတော့ ရတယ်”ဟု ပြောသည်။

ပန်ဝါတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန်KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ထားဆဲဖြစ်သည်။

KIA နှင့် KPDF ပူးပေါင်းတပ်သည် စက်တင်ဘာ ၂၉ရက်မှ အောက်တိုဘာ ၂ရက် အထိ ၄ရက်ကြာ ထိုးစစ်အတွင်း ချီဖွေမြို့နှင့် ဆော့လော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။ ချီဖွေတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ပန်ဝါဘက်သို့ထွက်ပြေးသွားသည်ဟုလည်း သတင်းရင်းမြစ်အချို့က ပြောကြားထားသည်။

ယခု KIA ထိုးစစ်ဆင်နေသည့် ဒေသသည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ၏ ကချင်အထူးဒေသ(၁)နယ်မြေဖြစ်ပြီး လက်ရှိတွင် ကချင်အထူးဒေသ(၁) အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIAက အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထို့ပြင်ဒေသတွင်း လမ်းကြောင်းများကိုလည်း KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်