သုည/People’s Spring
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။
ပြည်သူများက “အာဏာရူးကိုတွန်းလှန်ကြစို့ သွေးအေးမနေနဲ့” ၊ “စစ်ကျွန်ဇာတ်သွင်း သန်းခေါင်စာရင်းကို ဆန့်ကျင်ကြ” ၊ “အတုအယောင်ရွေးကောက်ပွဲ တိုက်ဖျက်ကြ” စသည့်စာသားများဖြင့် “အကြမ်းဖက် စစ်ကောင်စီ ကျဆုံးရေး” ၊ “အတုအယောင် ရွေးကောက်ပွဲ အလိုမရှိ”ဟု ကြွေးကြော်ဆန္ဒပြခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေးကိုလည်း တောင်းဆိုခဲ့သည်။
ယင်းဆန္ဒပြသပိတ်လှုပ်ရှားမှုကို ကသာမြို့နယ် ကျေးလက်နေပြည်သူများနှင့် လူထုအောင်လံသပိတ်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။