Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် အပျက်အစီးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်၊မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၈ရက်) ညနေ ၄နာရီ မိနစ် ၄၀ခန့်က ‌‌ဒီပဲယင်းနှင့် ရေ‌ဦးမြို့နယ်အစပ်ရှိ ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် တင်းတိမ်ရံကျေးရွာမှ (၃၅)နှစ်အရွယ် မမွန်အောင်၊ ၎င်း၏ လသားအရွယ်သမီးငယ်နှင့် (၆)နှစ်အရွယ် မောင်ဖြိုးခေတ်သစ်တို့ စုစုပေါင်း သုံးဦးသေဆုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“တင်းတိန်ရံရွာက တိုက်တစ်တိုက်ရဲ့ ဘေးအိမ်ပေါ် ဗုံးသီးကျတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း “တိုက်ပွဲလည်းမရှိဘူး။ စစ်အခြေစိုက်စခန်းလည်းမရှိဘူး။ ရွာထဲကိုပစ်သွားတာ။ အိမ်နှစ်လုံးပျောက်ထွက်သွားတယ်။ မြေစိုက်အုပ်ခုံအိမ်လေးတွေ”ဟု ပြောသည်။

အောက်တိုဘာ ၅ ရက်ကလည်း တင်းတိမ်ရံ ကျေးရွာအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ရေဦးနယ်အတွင်းရှိ ကျေးရွာများအား ဆက်တိုက်တိုက်ခိုက်နေပြီး အောက်တိုဘာ ၃ ရက်နေ့က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရေဦးအနောက်ခြမ်းရှိ သံသည်ရွာမှ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၄ရက်ကလည်း ရေဦးမြို့နယ်၊ အောင်သာယာပျူရွာမှ စစ်အုပ်စုက ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။

စစ်ကောင်စီသည် ယ‌နေ့တွင် တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ဘုတလင်းမြို့နှင့် ချင်းပြည်နယ်၊ ထန်တစ်လန်မြို့တို့ကို လေကြောင်းတိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရခိုင်ပြည်နယ် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လေကြောင်း တိုက်ခိုက်ခဲ့သည်။ ယမန်‌နေ့(အောက်တိုဘာ ၇ရက်)ညက တောင်ကုတ်မြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၂ဦးထက်မနည်း သေဆုံးခဲ့သည်။

အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများရပ်တန့်စေရန် စစ်ကောင်စီထံ စီးဆင်း‌နေသော လေယာဉ်ဆီ၊ လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ လွှဲပြောင်းခြင်းမပြုကြရန် မကြာသေးမီက ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက်အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်အစည်းအဝေးတွင် ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။