Connect with us

Hi, what are you looking for?

သတင်း

လန်ဒန်မှသည် ရန်ကုန်သို့ ရည်ရွယ်ထားတဲ့ ဖြူဖြူကျော်သိန်း

တော်လှန်ရေးကာလမှာ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲအနေနဲ့ London မှာ နိုဝင်ဘာ ၂ ရက်နေ့ပြုလုပ်မယ်လို့ ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

ဆဏ်း / People’s Spring

တော်လှန်ရေးကာလမှာ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲအနေနဲ့ London မှာ နိုဝင်ဘာ ၂ ရက်နေ့ပြုလုပ်မယ်လို့ ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။

“Phyu Phyu in London! စဖွင့်ပါပြီ။ ဘာလုပ်ဖို့လဲ?အိမ်အတူတူပြန်ဖို့။” လို့ ဖျော်ဖြေပွဲပြလုပ်ရတဲ့ ရည်ရွယ်ချက်ကို ဖြူဖြူကျော်သိန်းက ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဖျော်ဖြေပွဲတွေကို Tour အနေနဲ့ပြုလုပ်မှာဖြစ်ပြီး နောက်တစ်ပွဲကတော့ သူမရဲ့ ကျန်းမာရေးအခြေအနေအပေါ်မူတည်တယ်လို့ဆိုပါတယ်။

“ဒီ Tour ရဲ့ နောက်ဆုံးမြို့က ဘယ်မှာလဲ ဆိုတော့…

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာပါ။ ဘယ်တော့လဲဆိုတော့…ဖြူဖြူတို့ ပြည်သူတွေ အားလုံး အားကုန်ရုန်းနိုင်တဲ့တစ်နေ့။တကယ်ဖြစ်မှာလား။

အဖြေက ခု ဒီစာကို ဖတ်နေတဲ့ လူတစ်ယောက်ချင်းစီရဲ့ လက်ထဲမှာပဲ ရှိပါတယ်။” လို့ဖြူဖြူကျော်သိန်းက ‌ပြောပါတယ်။

ဖျော်ဖြေပွဲလက်မှတ်တွေကို ဒေါ်လာ ၅၀ ၊၇၅၊ ၁၀၀ နဲ့ ၁၂၅ သတ်မှတ်ထားပြီး အောက်တိုဘာ ၉ ရက်မှာစတင်ရောင်းချနေပြီလို့ ပွဲကိုစီစဉ်တဲ့ Myanmar Events in UK ရဲ့ပေ့ခ်ျမှာ အသိပေးထားပါတယ်။

ပွဲမတိုင်ခင် ပရိသတ်နဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံမယ့်အစီအစဉ်အတွက်လူဦးရေ ၁၅၀ သတ်မှတ်ထားပြီး ဝင်ကြ ဒေါ်လာ ၅၀ ကျသင့်မယ်လို့ ကြေညာထားပါတယ်။

“လက်မှတ်ဈေး။ အရမ်းဈေးကြီးပါတယ်။ ဘာဖြစ်လို့လဲ။ မြန်မာပြည်ရဲ့ ဒုက္ခက ဈေးကြီးသလို မြန်မာပြည်သူတွေကလည်း တန်ဖိုးကြီးကြီးထား ကူညီထိုက်တဲ့သူတွေ မို့ပါ။ ” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းက အာဏာသိမ်းတဲ့ကာလစတင်ကတည်းက ပြည်သူဘက်ကနေ ရပ်တည်ခဲ့သူဖြစ်ပြီး တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ကမ်ပိန်းတွေအတွက် ပါဝင်ပေးနေသလို ဒီကာလခံစားမှုတွေကိုယ်တိုင်သီချင်း‌ရေးကာ တင်ဆက်ပေးနေသူပါ။

ဒီဖျော်ဖြေပွဲကရတဲ့ငွေတွေကလည်း မြေပြင်ကိုပဲ စီးဆင်းမှာဖြစ်ပြီး ဒီပွဲအတွက် ဖြူဖြူကျော်သိန်းက အနုပညာကြေး လုံးဝမယူဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဆိုတော်ဖြူဖြူ‌ကျော်သိန်းက ဗီဇာမရတာကြောင့် နယူး‌ယောက်မှာ ပြုလုပ်မယ့်ပွဲကို မလာနိုင်ပေမယ့် အွန်လိုင်းက ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့ NYCBC က အသိပေးထားပါတယ်။

သတင်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

သတင်း

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

Facebook