Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်ဒေသအတွင်း လေကြောင်းရန်ကြောင့် ဝါကျွတ်ကာလ လူစုလူဝေးမပြုလုပ်ရန် AA သတိပေး

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေ၍ မကြာမီ ကျရောက်မည့် ဝါကျွတ်ကာလတွင် ရက္ခိုင်ဒေသအတွင်း လူစုလူဝေးဖြင့် ဘာသာရေးပွဲတော်များ၊ ပျောက်ပွဲရွှင်ပွဲများ လုံး၀ မပြုလုပ်ရန် အာရက္ခတပ်တော်(AA)နိုဗာ(၁) စစ်ဒေသက အမိန့်ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် က​လေးငယ်များအပါအဝင် ၄ ဦး​သေဆုံးကာ ၁၃ ဦးဒဏ်ရာရခဲ့​သော တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာအား အောက်တိုဘာ ၄ ရက်ကစစ်တပ်ကဗုံးကြဲပြီး ​နေအိမ်တလုံးပျက်စီး​နေစဉ်။ ဓာတ်ပုံ - APM

မိုးမိုး/People’s Spring

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေ၍ မကြာမီ ကျရောက်မည့် ဝါကျွတ်ကာလတွင် ရက္ခိုင်ဒေသအတွင်း လူစုလူဝေးဖြင့် ဘာသာရေးပွဲတော်များ၊ ပျောက်ပွဲရွှင်ပွဲများ လုံး၀ မပြုလုပ်ရန် အာရက္ခတပ်တော်(AA)နိုဗာ(၁) စစ်ဒေသက အမိန့်ထုတ်ပြန်သည်။

အာရက္ခပြည့်သူ့တော်လှန်ရေးအစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဒေသအသီးသီးရှိ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူအားလုံး ဝါကျွတ် တန်းဆောင်မုန်း အခါသမယကာလအတွင်း လိုက်နာဆောင်ရွက်ရမည့် အမိန့်ညွှန်ကြားချက်ကို အောက်တိုဘာ ၇ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အကြမ်းဖက်စစ်ကောင်စီအား ထိုးစစ်ဆင်တိုက် ထုတ်ပြီးနောက် အလုံးစုံသိမ်းပိုက်ရရှိသော ဒေသများတွင်သာမက အလုံးစုံသိမ်းပိုက်ရယူရန် နောက်ထပ်ကြိုးပမ်းနေသည့် ဒေသများ၌ပါ လူစုလူဝေးရှိသည်ဟု ယူဆရသည့် နေရာများကို စစ်ကောင်စီက လေကြောင်းမှ အလစ်ချောင်း အငိုက်ဖမ်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေ၍ ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်ဟု အသိပေးသည်။

ထိုကြောင့် လာမည့် ၂ဝ၂၄ ဝါကျွတ်တန်းဆောင်မုန်း အခါကြီးရက်များအတွင်း ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ရပ်ရွာများတွင် မီးထွန်းပွဲတော်ကျင်းပပြုလုပ်ခြင်းများကို သတိရှိစွာဖြင့် ပြုလုပ်ရန်၊ လူစုလူဝေးဖြစ်စီသော စုဖွဲ့မှုများကို “လုံးဝ” မပြုလုပ်ရန် အထူးအလေးအနက် သတိပေးညွှန်ကြားလိုက်သည်ဟု ဖော်ပြသည်။

ထို့ပြင် AA အလုံးစုံ ထိန်းချုပ်မှုအောက်ရှိ ဒေသအာားလုံးတွင် လူအရေအတွက် အများအပြား စီးနင်းလိုက်ပါသည့် ကားများဖြင့် မြို့ပေါ်တွင် လှည့်ပတ်ခြင်း၊ တစ်မြို့နှင့်တစ်မြို့ တစ်ရွာနှင့်တစ်ရွာ ကားများဖြင့် ဆောင်းဘောက်များဖွင့်ပြီးကခုန် အော်ဟစ်ခြင်းများ မပြုလုပ်ရန်၊ ‎‫ال လူစုလူဝေးဖြစ်စေသော ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး၊ ဇာတ်သဘင်နှင့် လောင်းကစား ကျင်းပခြင်းများ မပြုလုပ်ရန် AAက တားမြစ်သည်။

ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းပြုလုပ်ခြင်းများအား လူစုလူဝေး များစွာဖြင့် မပြုလုပ်ရဟုလည်း ထပ်လောင်း အသိပေးသည်။

ပြည်သူများ၏ လုံခြုံရေးကို လေးစား လိုက်နာသောအားဖြင့် မြို့၊ရွာများအတွင်း၌ ဆောင်းဘောက်များ ဆူညံစွာဖွင့်ခြင်း၊ လူမှုပတ်ဝန်းကျင်ကို အသံ၊ အပြုအမူများဖြင့် အနောက်အယှက်ဖြစ်စေသည့် လုပ်ရပ်များ မပြုလုပ်ရန်လည်း AAက ထုတ်ပြန်ခဲ့သည်။

သတ်မှတ်စည်းကမ်းများအားကို ဌာနဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင် တသွေမတိမ်းလိုက်နာကြရမည်ဖြစ်ပြီး ပြည်သူများအား အကျိုးသင့်အကြောင်းသင့် ထပ်ဆင့်ရှင်းပြခြင်း

မေတ္တာရပ်ခံခြင်း၊ အခြေအနေ အရပ်ရပ်ကို ထောက်ရှုကာ သည်းခံစိတ်ရှည်မှုနှင့် စည်းကမ်းများအား တိကျစွာ လိုက်နာကြရန်လိုကြောင်း နားလည်သဘောပေါက်စေရေး ရှင်းလင်း ပြောကြားရမည်ဟုလည်း ညွှန်ကြားထားသည်။

စည်းကမ်းချက်များ ကို တာဝန်ရှိသူများ လိုက်နာရန်လိုအပ်သကဲ့သို့ ပြည်သူများလိုက်နာခြင်း ရှိမရှိ စောင့်ကြည့်ကြပ်မတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် က​လေးငယ်များအပါအဝင် ၄ ဦး​သေဆုံးကာ ၁၃ ဦးဒဏ်ရာရခဲ့​သော တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာအား အောက်တိုဘာ ၄ ရက်ကစစ်တပ်ကဗုံးကြဲပြီး

​နေအိမ်တလုံးပျက်စီး​နေစဉ်နှင့် AA၏ ထုတ်ပြန်ချက်။ ဓာတ်ပုံ – APM)

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။