Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းမှာ တော်လှန်ဆီမီးသပိတ်တွေ ပြုလုပ်

တနင်္သါရီနဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်တွေ ဒီကနေ့ (အောက်တိုဘာ ၁၈) အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

တနင်္သါရီနဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်တွေ ဒီကနေ့ (အောက်တိုဘာ ၁၈) အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) တော်လှန်သီတင်းကျွတ်အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း ဒေသခံပြည်သူတွေစုပေါင်းကာ “ဓမ္မကိုပူဇော် အဓမ္မကိုလောင်ကျွမ်း” စာသားကို ဆီမီးတွေ ထွန်းညှိပုံဖော်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

ဒါ့အပြင် ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းကာ “လူထုအနာဂတ်ကို တော်လှန်ဆီမီးနဲ့ ထွန်းညှိကြ” ဖယောင်းတိုင်မီးသပိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ဆင်နွှဲခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ကျေးလက်တော်လှန် ပြည်သူ့အသံ သပိတ်စစ်ကြောင်းက “ဓမ္မကိုပူဇော် အဓမ္မကိုလောင်ကျွမ်း” တော်လှန်ဆီမီးနဲ့ “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “တို့အနာဂတ်တွေတောက်ပဖို့ ဆီမီးထွန်းရင်းတော်လှန်ဆို့” ကြွေးကြော်သံတွေနဲ့ သပိတ်စစ်ကြောင်းထွက်ရှိခဲ့ကြပါတယ်။

မုံရွာမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာလည်း ဆီမီးတွေထွန်းညှိကာ “လူထုအပေါ် ဖိနှိပ်သူမှန်သမျှအား လူထုထွန်းညှိသော သီတင်းကျွတ်ဆီမီးနဲ့အတူ ပူလောင်ကျရှုံးစေဖို့” ဆုတောင်းကြွေးကြော်ကြရင်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ယင်းလှုပ်ရှားမှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF၊ မုံရွာမြို့နယ် တိုက်နယ် အမှတ် (-) ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ ရပ်ကျေးပကဖနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက လုံခြုံရေးယူပေးခဲ့ပြီး လူထုအား စစ်ရေး၊ နိုင်ငံရေး အသိသတိရှိစေဖို့လည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ မုံရွာပင်မသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။