Connect with us

Hi, what are you looking for?

သတင်း

နိုင်ကျဥ်းများအတွက် လစဉ်ငွေကြေးထောက်ပံ့မှုလျော့နည်းလာ

စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း တိမ်းရှောင်ရသူများပြားလာ၍ အကျဥ်းကျ နိုင်ငံရေးအကျဥ်းသားများအတွက် လစဉ်ငွေကြေးထောက်ပံ့မှုများ လျော့နည်းလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အကျဥ်းထောင်အသီးသီးရှိ နိုင်ကျဥ်းများအား ငွေသားပေးပို့ရန် ပြင်ဆင်ထားစဥ်။ဓာတ်ပုံ-PPNM

ဇေအောင်/People’s Spring

စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း တိမ်းရှောင်ရသူများပြားလာ၍ အကျဥ်းကျ နိုင်ငံရေးအကျဥ်းသားများအတွက် လစဉ်ငွေကြေးထောက်ပံ့မှုများ လျော့နည်းလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)သည် နိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်၊ အချုပ်ထောင် ၄၁ခုမှ ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပြင် LGBTQ များဖြင့် ၂၀၂၃ နှစ်ဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထောင်ပြင်ပသို့ ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ၏ လစဉ် စုပေါင်းငွေများဖြင့် အကျဉ်းထောင် ၄၀သို့ ငွေကြေး၊ ဆေးဝါး၊စာအုပ်၊ပါဆယ်များ ကူညီထောက်ပံ့လျက်ရှိပြီး အကျဉ်းထောင်များအား ပုံမှန်ပို့ဆောင်နိုင်ရေးအတွက် ကြိုးစားနေကြရာ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် ငွေကြေးထောက်ပံ့မှုများလည်း လျော့နည်းလာခဲ့ကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

” စစ်မှုထမ်းဥပဒေထွက်လိုက်တော့ ကျွန်တော်တို့အဖွဲ့ဝင်အများစုက လူငယ်နဲ့လူလတ်ပိုင်းတွေများတယ်။ ဒီဥပဒေထွက်ပြီးတဲ့နောက်ပိုင်း ထွက်ပြေးတိမ်းရှောင်ကြရတဲ့အခါမှာ လစဥ်ကူညီနေတဲ့ နိုင်ကျဥ်းဟောင်းအဖွဲ့ဝင်တွေက မကူညီနိုင်ကြတော့တဲ့အခြေအနေဖြစ်လာတာပေါ့။ ဒါကြောင့်မို့လည်း ကျွန်တော်တို့တတွေ ခက်ခက်ခဲခဲကြားကနေ ရအောင်ကြိုးစားနေတာဖြစ်တယ်။ အလှူမခံတာလည်းကြာပြီ။ ဘာလို့လည်းဆိုပြည်သူတွေမှာလည်း အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကိုနားလည်တဲ့အတွက်။ ဒါပေမယ့် အကျဥ်းထောင်တွေမှာက ပိုပြီးခက်ခဲလာတဲ့အတွက် အခုလို ကြုံတွေ့နေရတဲ့အခက်အခဲကို ပြည်သူနဲ့အတူတူရင်ဖွင့်ပြီးမှ မျှဝေခံစားတာဖြစ်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

လစဉ်အကျဉ်းထောင် ၄၀အား ငွေကြေး၊ ဆေးဝါး၊စာအုပ်များ ပို့ဆောင်ရန်အတွက် လစဉ် ကျပ်သိန်း၂၄၀ ကုန်ကျမည်ဖြစ်ပြီး ယခု PPNMမှ ကူညီနိုင်မှုသည်ပင်လျှင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ၏ စုစုပေါင်း ၁%နှုန်းခန့်ကိုသာ လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း PPNMက တွက်ချက်ပြသည်။

ထိုသို့ အခက်အခဲများကြောင့် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံထားရသည့်နိုင်ငံရေးအကျဉ်းသားများကို လစဉ်ကူညီရန် ခက်ခဲလာသည့်အတွက် နိုင်ကျဥ်းမိသားစုဝင်များ အနေဖြင့်စောင့်ဆိုင်းရမှုများအား နားလည်ပေးပါရန် PPNMက ‌မေတ္တာရပ်ခံထားသည်။

PPNM ဖွဲ့စည်းတည်ထောင်ပြီးချိန်မှစ၍ ယနေ့အထိ ၁နှစ်၅လကျော်အတွင်းတွင် အဖွဲ့သူ၊အဖွဲ့သား ၆ ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း PPNM၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် PPNM အဖွဲ့သူ၊အဖွဲ့သားများသည် နောက်ဆုတ်မည်မဟုတ်ဘဲ စစ်အာဏာရှင် စနစ်ဆိုးကို တော်လှန်နိုင်ရန်အတွက် တာဝန်အသီးသီးကို ဆက်လက်ထမ်းဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။