Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့အနီး တိုက်ပွဲပြင်းထန်နေ

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဂန့်ဂေါကျေးရွာ၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ဒီးဒီ၊ဟန်နွေ/People’s Spring

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဂန့်ဂေါကျေးရွာ၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

မန္တလေး – လားရှိုးလမ်းမကြီးအနီး နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာ၌ အောက်တိုဘာ ၁၉ရက်ကတည်းက စတင်တိုက်ပွဲဖြစ်ပွားပြီး ယနေ့(အောက်တိုဘာ ၂၂ရက်)အထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဂန့်ဂေါရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိစစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခြင်းဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

“စစ်ကြောင်းထိုးလာတယ်။ အဲနေ့တည်းကတိုက်ပွဲက ဖြစ်နေတာ။ အခု ပိုပြင်းထန်လာတယ်။ အနီးနားရွာတွေလည်း ထွက်ပြေးကုန်ကျပြီ”ဟု ပြင်ဦးလွင်ဒေသခံက ပြောသည်။

တအာင်းတပ်မတော်(TNLA)က ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၁၂၀ရက်မြောက်နေ့အဖြစ် အောက်တိုဘာ ၂၂ရက်စစ်ရေးသတင်းဖော်ပြရာ နောင်ချိုမြို့၊ ဂန့်ဂေါကျေးရွာ၌ တိုက်ပွဲရှိခဲ့သည်ဟု ယနေ့ည ထုတ်ပြန်အသိပေးသည်။

ယနေ့ နေ့လည် ၁၂နာရီခွဲတွင် ဂန့်ဂေါရွာ စာသင်ကျောင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ

စစ်ကောင်စီတပ်က စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာကို ဒရုန်းဖြင့် နှစ်ကြိမ် ဗုံး(၁၈)လုံး ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

အောက်တိုဘာ ၁၉ရက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။ ထိုနေ့ကစပြီး ပြင်ဦးလွင် – လားရှိုးလမ်းပိုင်းမှာ စစ်ကောင်စီက ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

လက်တလောတွင် နောင်ချိုမြို့၌ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထား၍ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရသေးကြောင်း အခြားဒေသရောက် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက အသိပေးသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နောင်ချိုမြို့နယ် နမ့်ဆန်မြို့နယ်တို့ကိုလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ယနေ့နံနက်က နမ့်ဆန်မြို့နယ် ကိုစစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား၅ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း လွေးယေဦးက ပြောသည်။

“လက်ရှိကတော့ စစ်ကောင်စီကတော့ လေကြောင်း တိုက်ခိုက်တာမျိုး ပိုပြီးလုပ်လာတာ တွေ့ရပါတယ်”ဟု လွေးယေဦးက ပြောသည်။ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများကျူးလွန်နေသည်ဟုလည်း ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။