Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီ ယနေ့ ထပ်မံလေကြောင်းတိုက်ခိုက်

MNDAAက လေယာဉ်ကို ပြန်လည်ပစ်ခတ်ဟု ဒေသခံပြော

လားရှိုးမြို့ မယ်ဟန်ကျးရွာအုပ်စု ခိုဆန်တန် ကျေးရွာရှိ ရိုရာ ဆန်အရက်ချက်စက်ရုံအား လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA

ထားမြတ်/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်လာရာ ကိုးကန့်တပ်(MNDAA)က စစ်ကောင်စီ လေယာဉ်ကို ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု လားရှိုးဒေသများက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၃ရက် နံနက် ၈နာရီ ၃၅တွင် တစ်ကြိမ် လေကြောင်းဗုံးကြဲခဲ့ပြီး နံနက် ၁၀နာရီ ၅မိနစ်တွင် တစ်ကြိမ် လေယာဉ်ပျံဝဲကာ ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟုယူဆရကြောင်း ၎င်းတို့က ပြောသည်။

“ဒီမနက် ၈နာရီ ၃၅မှာ တစ်လုံးကြဲသွားတာ။ မယ်ဟန်နားမရောက်ခင် ကြားထဲမှာရိုးရာဆန်အရက်ချက်စက်ရုံလေ အဲဒီကိုကြဲသွားတာ။ အဲဒီမှာတော့ လူအထိအခိုက်မရှိဘူးမီးလောင်သွားတယ်။ ဒီဘက်ကမီးသတ် တပ်ဖွဲ့ဝင်တွေ ငြှိမ်းသက်ပေးလိုက်တာပေါ့။ဒီ ၁၀ နာရီ ၅မိနစ်မှာတော့ လာဝဲတယ်။ လာဝဲပြီးပစ်ချလိုက် တာလားမသိဘူး။ အဲဒီအချိန်မှာ အောက်ကနေပြန်ပစ်တာပေါ့။ အတွဲလိုက်ပေါ့။လက်နက် သုံးလေးမျိုးလောက်နဲ့ထင်တယ်။ အဲဒီလိုပြန်ပစ်တဲ့ အနေအထားမှာရှိတယ်”ဟု လားရှိုးမြို့ခံ မနော်ဖောက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လေယာဉ်အား MNDAAက ပြန်လည် ပစ်ခတ်ခဲ့သော်လည်း လေယာဉ်ထိ၊ မထိဆိုသည့် အချက်ကို သေချာမသိရကြောင်း မနော်ဖောက ပြောသည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို MNDAAက သိမ်းပိုက်ပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစ၍ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

လားရှိုးမြို့ကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ခန့်အတွင်း အရပ်သား ပြည်သူနေထိုင်ရာနေရာအများစုကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာပြည်သူလူထုသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ အိုးအိမ်အဆောက်အဦးပျက်စီးမှုများ ဖြစ်ခဲ့သည်။

ယခင် လေကြောင်းတိုက်ခိုက်မှုများအတွင်း MNDAAက လေယာဉ်ကိုပြန်လည်ပစ်ခတ်သည့် သတင်းမကြားရဘဲ ယနေ့တွင် စစ်ကောင်စီ လေယာဉ်ကိုပြန်လည်ပစ်ခတ်သည်ဟု ဒေသခံကအသိပေး ပြောသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှုနှင့် လေယာဉ်အား ပြန်လည်ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး MNDAAဘက်က သတင်းထုတ်ပြန်မှုမရှိသေး၍ အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသူဦးဇော်ဆန်ကလည်း “အောက်ကနေ မစ်ရှင်းဂန်းနဲ့တော့လှမ်းပစ်တယ်။ စက်သေနတ်ကို ပြောတာပါ။” ဟု MNDAAက စစ်ကောင်စီ လေယာဉ်ကို ပြန်လည်ပစ်ခတ်မှု အခြေအနေနှင့် ပတ်သက်၍ ပြောသည်။

စစ်ကောင်စီအနေဖြင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၏ ကြောထောက်နောက်ခံဖြစ်သည့် MNDAA၊ TNLAနှင့် KIA ထိန်းချုပ်ထားသည့် မြို့နေရာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လုပ်နေမည်ဟု ယူဆကြောင်း ဦးဇော်ဆန်ကပြောသည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် တိုက်လေယာဉ် ထပ်မံစေလွှတ်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှု ပစ်မှတ်မှာ မယ်ဟန်ကျးရွာအုပ်စု ခိုဆန်တန်ကျေးရွာရှိ ရိုရာ ဆန်အရက်ချက်စက်ရုံဟု MNDAAက အသိပေးထားသည်။

သက်ဆိုင်ရာဌာနများက အလျင်အမြန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်းလည်း အသိပေးသည်။

သို့သော် ပေါက်ကွဲမှု၏ ကြီးမားသော သက်ရောက်မှုကြောင့် အခင်းဖြစ်ပွားရာ နေရာသည် ချက်ချင်းပင် ပြင်းထန်သော မီးနှင့် မီးခိုးများ ပြင်းထန်စွာ ထွက်ပေါ်လောင်ကျွမ်းခဲ့သည်ဟု ထပ်မံ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။