Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးနှင့် ရေဘေးကြုံရသည့် ကျေးရွာ ၃၀ခန့်မှ ပြည်သူများကို ကျပ်သိန်း ၇,၆၀၀ခန့် KNU ထောက်ပံ့

စစ်ဘေးနှင့် ရေကြီးမှုဆိုးရွားစွာ ခံစားခဲ့ရသော ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်းအတွင်းရှိ ကျေးရွာ ၂၉ရွာမှ ပြည်သူများကို ကျပ်သိန်း ၇,၆၀၀ ခန့် ထောက်ပံ့ ကူညီခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်းအတွင်းရှိ ကျေးရွာ ၂၉ရွာမှ ပြည်သူများကို ထောက်ပံ့နေစဉ်။ ဓာတ်ပုံ - KNU

ထားမြတ်/People’s Spring

စစ်ဘေးနှင့် ရေကြီးမှုဆိုးရွားစွာ ခံစားခဲ့ရသော ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်းအတွင်းရှိ ကျေးရွာ ၂၉ရွာမှ ပြည်သူများကို ကျပ်သိန်း ၇,၆၀၀ ခန့် ထောက်ပံ့ ကူညီခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။

KNU ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန လက်အောက်ရှိ ကရင်ပြည်တွင်းဌာနေစွန့်ခွာတိမ်းရှောင်သူများ ရေးရာကော်မတီ (CIDKP)မှ KNU ဗဟို၊ခရိုင်တာဝန်ရှိသူများနှင့်ပူပေါင်းပြီး အောက်တိုဘာ ၁၁ရက်တွင် ညောင်လေးပင်ခရိုင်ရှိ မြို့နယ် ၃ခုပြည်သူများကို ငွေကြေး ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ကျေးရွာပေါင်း ၂၉ရွာရှိ အိမ်ခြေ သုံးထောင် ကျော်မှ လူဦးရေ ၁၆၁၁၂ ဦးအား ကျပ်ငွေ ၇,၅၉၉သိန်း ထောက်ပံ့ခဲ့ကြောင်း အသိပေးထားသည်။

KNU ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို)၊ ရွှေကျင်(ဆောထိ)၊ မုန်း(မူး)မြို့နယ် များတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ တိုက်ပွဲများဖြစ်ပွားခြင်းတို့ကြောင့် လူဦးရေ သိန်းချီ စစ်ဘေးဒုက္ခ ကြုံနေရသကဲ့သို့ ဇူလိုင်လ နှင့် စက်တင်ဘာလတွင် ရေးကြီးမှု အန္တရာယ်ကို နှစ်ကြိမ်ကြုံခဲ့ရ၍ ဒေသခံများ၏ လယ်ယာစိုက်ခင်း ထက်ဝက်ကျော် ပျက်စီးခဲ့ရသည်။

အဆိုပါ မြို့နယ်(၃)ခုအတွင်း ပြီးခဲ့သည့်စက်တင်ဘာလမှယနေ့အချိန်ထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများတွင်းသို့လက်နက်ကြီးနှင့်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များရင်ဆိုင်ကြိုတွေ့နေရခြင်းတို့ကြောင့်စားဝတ်နေရေးအကျပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်ကြိုတွေ့နေရသည်ဟုလည်း KNU ဗဟိုက ထုတ်ပြန်သည်။

KNUတွင် ခရိုင်နှင့် တပ်မဟာ ၇ခုရှိသည့် အနက် တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလူထု သေဆုံးထိခိုက်မှု မကြာခဏ ကြုံနေရသည့်ခရိုင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ