Connect with us

Hi, what are you looking for?

သတင်း

ပန်ဝါဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ လက်နက်ဖြင့် KIAထံ အလင်းဝင်

ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနေအိမ်ကို KIA ချိတ်ပိတ်

ပန်ဝါဒေသ၌ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ လက်နက်နှင့်အတူ အလင်းဝင်လာစဥ်။ ဓာတ်ပုံ - 7Stars News

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသ၌ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ လက်နက်နှင့်အတူ ပူးပေါင်းလာမှုများရှိကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ယမန်နေ့ အောက်တိုဘာ ၂၃ရက်တွင် ပန်ဝါဒေသ တမူးခုန်းဒေသရှိ ပြည်သူ့စစ်အချို့ လက်နက်နှင့်အတူ KIA ထံ ပူးပေါင်းလာမှုရှိလာသည့်အပေါ် မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ဖြစ်စဉ်တစ်ခုချင်းစီကို မသိရှိသော်လည်း ပန်ဝါတွင် ပြည်သူ့စစ်များ ပူးပေါင်းလာမှုရှိသည်ဟု အတည်ပြုသည်။

“ပူးပေါင်းတာတော့ ရှိမှာပါ။အခုလောလောဆယ်က အဲဒီဘက်မှာက ပူးပေါင်းတာချည်းပါပဲ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တမူးခုန်းဒေသမှ ပြည်သူ့စစ်အချို့ ပူးပေါင်းလာမှု ရှိကြောင်း ပြောသည်။

“ပူးပေါင်းရင်ပူးပေါင်း မပူးပေါင်းဘူးဆိုလို့ရှိရင် ပန်ဝါကလို ပုံစံမျိုးဖြစ်သွားမှာပေါ့။” ဟု အဆိုပါ သတင်းရင်းမြစ်က ပန်ဝါကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အခြေအနေကို ပြောပြသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တမူးခုန်းဒေသရှိ ပြည်သူ့စစ် အရန်တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရမှု ဖြစ်စဉ်အချို့ရှိသည်ဟု မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်ဟု ပြောသည်။

” အဲဒါက အရန်တပ်ဖွဲ့ဝင်တွေလို့ပြောတယ်။ အဲဒီကျေးရွာထဲမှာကျန်နေခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဘယ်မှလည်းမသွားဘူးပေါ့။ အဲဒီမှာလည်း ကျန်နေခဲ့တော့ KIA တပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အချိန်မှာ သူတို့ကိုဖမ်းဆီးမေးမြန်း ခေါ်ဆောင်သွားတယ်လို့ ဒေသခံ အချို့က ပြောပြထားတာရှိပါတယ်”ဟု ၎င်းက ပြောသည်။

ပန်ဝါဒေသ၌ လက်ရှိတွင်တိုက်ပွဲမရှိဘဲ KIAက ပြည်သူလူထု လုံခြုံရေးစားဝတ်နေရေး အုပ်ချုပ်ရေးများစီစဉ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် ကချင်အထူးဒေသ(၁)ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ နေအိမ်အပါအဝင် လိုအပ်သည့်နေရာများကိုလည်း ချိတ်ပိတ်ထားသည်ဟု အတည်ပြုသည်။

“မချိတ်ပိတ်ရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ သူ့ရဲ့ပစ္စည်းတွေဘာတွေရှိလာလလဲမသိဘူးလေ။ မဖြစ်သင့်တာ ဖြစ်သွားရင် ကျနော်တို့တာဝန်ရှိတယ်။ဒါကြောင့် သူရဲ့ အိမ်တွေချိတ်ပိတ်ရမယ်။ အရေးကြီးတဲ့ ခေါင်းဆောင်ရဲ့အိမ်ဆိုတော့ ချိတ်ပိတ်ပြီးတော့ စာရင်းဇယားပြုစုပြီးလိုအပ်တာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAသည် ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ရက်ညက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကချင်အထူးဒေသ(၁)နယ်မြေတွင် ပါဝင်သည့် ချီဖွေ၊ဆော့လော်၊ ဆဒုံး၊ ကန်ပိုက်တီ စသည့် ဒေသများမှ စစ်ကောင်စီ ဗျူဟာ၊ နယ်ခြားစောင့်တပ်ရင်းဌာနချုပ် အပါအဝင် စစ်ကောင်စီစခန်း၊ နယ်ခြားစောင့်စခန်း၊ ပြည်သူ့စစ်စခန်းများစွာကို KIAက သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။