Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိ ရှမ်းနီတပ်စခန်းတစ်ခုကို KIAသိမ်းပိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ ရှမ်းနီတပ်ဖွဲ့(SNA)၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ ရှမ်းနီတပ်ဖွဲ့(SNA)၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ ဖားကန့် တာမခံ ဆယ်ဇင်းနားက ပန်ဆေးဆိုတဲ့ SNAပေါ့ ရှမ်းနီတပ်ဖွဲ့တွေကို ဒီမနက် ၅နာရီလောက်မှာ အပြီးသတ်သိမ်းယူလိုက်တယ်။ အဲဒီတပ်ကို” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းနီတပ်ဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ယခင်ကလည်း KIAနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

ဆယ်ဇင်းဒေသရှိ SNA တပ်စခန်း သိမ်းပိုက်နိုင်မှုနှင့် လက်နက်ခဲယမ်း ၊ စစ်သုံ့ပန်းရရှိမှု ရှိ၊မရှိ အခြေအနေများ ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ယခင်ကလည်း ဆယ်ဇင်းဒေသရှိ စစ်ကောင်စီနှင့် ရှမ်းတပ်ပူးပေါင်းတပ်များ၏ စခန်းအချို့ကို KIAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများစွာ ကို သိမ်းပိုက်ထားပြီး မြို့ ဧရိယာ၏ထက်ဝက်ကျော်ကို စိုးမိုးထိန်းချုပ် ထားသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လတ်တလော စစ်ရေး အခြေအနေတွေနဲ့ ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့အထဲ ထူးခြားတဲ့ အကြောင်းအရာတွေကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)အနေနဲ့ စစ်မြေပြင်မှာ အောင်ပွဲခံထားတဲ့ မြို့ရွာနယ်မြေဒေသတွေကို နိုင်ငံရေးနည်းအရ အောင်ပွဲခံဖို့ကြိုးစားနေကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို သိမ်းရထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ဖားကန့်မှာ ဒီက​နေ့ည​နေမှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေမှာပါ ပြင်းထန်တဲ့အနံ့ဆိုးတွေ ထွက်ပေါ်နေပြီး ဒေသခံတွေ ကျန်းမာရေးအတွက်စိုးရိမ်နေကြရပါတယ်။