Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုရပ်တန့်ဖို့နဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ စစ်ကိုင်းနဲ့ တနင်္သာရီမှာ ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်တပ်ရဲ့တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ဒီကနေ့ (အောက်တိုဘာ ၂၈)မှာ အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်တပ်ရဲ့တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ဒီကနေ့ (အောက်တိုဘာ ၂၈)မှာ အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက “Airbus – စစ်ရာဇဝတ်မှုတွေမှာရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်”စတဲ့စာသားတွေ ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်နဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးဖို့ တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ Airbus: End investment in AVIC ခေါင်းစဥ်နဲ့ လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်လက်အာက်ကနေ လွတ်မြောက်ဖို့ ပြည်သူလူထုရဲ့ နိုင်ငံရေးအာဏာကိုတည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်ကြဖို့ “လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” စတဲ့ ဘန်နာကိုင်ဆွဲချီတက်ခဲ့ကြပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။